Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

"အနုပညာသမားတိုင်း နိုင်ငံရေးကို သိရမယ်"

$
0
0
 ~






 



ခေတ်ပေါ်ရေးဆွဲနည်း ပုံစံမျိုးစုံနဲ့ ရေးဆွဲထားတဲ့ ပန်းချီဆရာ အောင်နိုင်မောင်ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ် ပန်းချီပြခန်းမှာ ဇူလိုင် ၁၄ ရက်  ကနေ ဇူလိုင် ၁၉ ရက်နေ့အထိ ပြသသွားခဲ့ပါတယ်။

  •  (ဓာတ်ပုံများ – သော်ဟိန်းထက် / ဧရာဝတီ)

ပန်းချီပြပွဲမှာ ပန်းချီကား ၂၅ ကား ပြသထားပြီး အနုပညာရှင် အချို့နဲ့ ဇာတ်သဘင်လောက ပုံပြင်တွေအပြင် အကြောင်းအရာ များစွာကိုလည်း ပြသထားပါတယ်။

ပန်းချီပြပွဲမှာ ထူးအိမ်သင်ရဲ့ ပုံကိုလည်း တွေ့လိုက်ရတဲ့အတွက် “ကျနော်က ကိုငှက် (ထူးအိမ်သင်) ဆိုရင် အရမ်းကြိုက်တာ၊ အရင်ကတော့ သူ့ရဲ့ပုံကို အခုလို ချိတ်လို့မရဘူး။
အခုမှ ကိုယ့်ရဲ့ပွဲနဲ့လည်းကြုံတော့ ကိုယ်ချစ်တဲ့ အနုပညာသမားရဲ့ပုံကို ချိတ်ဖြစ်တာပါ” လို့ အောင်နိုင်မောင်က ပြောပါတယ်။
၁၉၈၆ ခုနှစ်ကတည်းက ပန်းချီပုံတွေကို အမြဲမပြတ် ရေးဆွဲခဲ့တာလို့ ပြောပါတယ်။

ပန်းချီ အနုပညာသမား တယောက်ဖြစ်တဲ့ အောင်နိုင်မောင်က “နိုင်ငံရေးဟာ အရမ်းအရေးကြီးတယ်။
နိုင်ငံရေးမသိတဲ့ အနုပညာသမားဟာ သုညပဲ၊ အနုပညာသမားတိုင်း နိုင်ငံရေးကို သိရမယ်။

တခါတလေ တော်တော်အသုံးမကျတဲ့သူတွေ ကျနော်တို့လောကမှာ တွေ့ဖူးတယ်။
နိုင်ငံရေးဆိုတာ မိသားစုနဲ့ အတူတူပဲ၊ ဖခင်က သားသမီးကို အနိုင်ကျင့်လို့ မရဘူး။
သူရဲ့ သတ်မှတ်ထားတဲ့ အတိုင်းအတာတခုရှိတယ်” လို့ ပန်းချီအောင်နိုင်မောင်က ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့က ပြသခဲ့တဲ့ ပန်းချီပြပွဲက အောင်နိုင်မောင်ရဲ့ ၁၀ ကြိမ်မြောက် ပန်းချီပြပွဲ ဖြစ်ပါတယ်။
ပန်းချီပြပွဲကို စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှု အားပေးကြပါတယ်။

  • ဒေါ်လာဦး

၂၀၁၄ ဇူလိုင် ၂၁ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။ 


 ဆက်စပ်

ပြောင်းလဲနေရတာကို ကြိုက်တဲ့ ပန်းချီ အောင်နိုင်မောင်
http://burma.irrawaddy.org/entertainment/2014/08/02/62677.html
 




.

Viewing all articles
Browse latest Browse all 5236

Trending Articles