Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်း

$
0
0
မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုကို ထိထိရောက် တိုက်ဖျက်သွားနိုင်ရေး ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး (ဗဟို ) ဘုတ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ 


ပြည်ထဲရေး ၀န်ကြီးဌာန၏ အဆိုအရ အဆိုပါ ငွေကြေး ခ၀ါချမှုတိုက်ဖျက်ရေး ဗဟို ဘုတ်အဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲစည်းလိုက်ပြီး ပြည်ထဲရေး ၀န်ကြီးက အဆိုပါ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရဲချုပ်က အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူမည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ ဗဟို အဖွဲ့သည် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးလုပ်ငန်းလုပ်ဆောင်နေကြသော နိုင်ငံတကာနှင့် 
ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးခ၀ါချမှုဆိုင်ရာ 
ထောက်လှမ်းရေး သတင်းအချက် အလက် အပြန်အလှန် ဖလှယ်ခြင်းများလည်း လုပ်ဆောင်သွားမည်ဟု ဆင်ဝှာသတင်းဌာနက ရေးသည်။ 

မြန်မာနိုင်ငံတွင် ငွေကြေး ခ၀ါချမှုဆိုင်ရာ ဥပဒေကိုလည်း ယခုနှစ်မတ်လက ပြဋ္ဌာန်းခဲ့သည်။ 

ယခင်တုန်းကတော့ မြန်မာနိုင်ငံဟာ ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိုင်း၊ အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသတင်းများက ဆိုသည်။ 











Viewing all articles
Browse latest Browse all 5236

Trending Articles