Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထရီဇာမှူး ပြောပြသမျှ

$
0
0
 
 ~

 

ထရီဇာမှူး
အသက်(၂၂)နှစ်
ဒုတိယနှစ် ဥပဒေ၊ မန္တလေး ရတနာပုံတက္ကသိုလ်။



  • (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)


ညီမက အဓိကလုပ်ချင်တာတော့ စီးပွားရေးပါ။ အခုလက်ရှိမှာလည်း ကျောက်အရောင်းအ၀ယ်လုပ်တယ်။ ကျောက်မျက်လောကမှာတော့ ညီမ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။ ကျောက်မျက်ရတနာတွေ လုပ်ရတာကို စိတ်ဝင်စားတယ်။ စိန်ကဲကျောက်ကဲ ခတ်ရတာထက် လူကဲခတ်ရတာ ပိုခက်တယ်လို့ စကားပုံတောင်ရှိတယ်လေ။ လူတွေရဲ့စိတ်ဓာတ်တွေကိုလည်း ဒီအလုပ်လုပ်တော့ ပိုသိလာရတယ်။ အခု အနုပညာအလုပ်ဆိုတာကလည်း Billboard တွေနဲ့ ဓာတ်ပုံရိုက်တာလောက်ပဲ ညီမလုပ်မှာပါ။

 ညီမကဖက်ရှင်ဆိုရင်လည်း လွတ်လွတ်လပ်လပ်ဝတ်ရတဲ့ ဖက်ရှင်ပုံစံတွေကို ကြိုက်တယ်။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်က ကိုယ့်ကို စိတ်ကျဉ်းကြပ်နေတာမျိုးဆို လုံးဝမကြိုက်ဘူး။ လွတ်လွတ်လပ်လပ်နဲ့ နေထိုင်သွားလာရတာကို သဘောကျတယ်။ မိန်းကလေးတယောက်ဆိုတော့ ထိန်းသိမ်းရတာတွေအများကြီးရှိပါတယ်။ ညီမက မိန်းမတော့ သိပ်မဆန်ပါဘူး။

ကိုယ့်ရဲ့လွတ်လပ်မှုနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်အောင်တော့ ဘ၀ကို ဖြတ်သန်းနေထိုင်ပါတယ်။ လူဆိုတာ ကိုယ့်ကြောင့် သူတပါးထိခိုက်တာ မကောင်းဘူးလေ။ အလုပ်ကို မှန်မှန်ကန်ကန်လုပ်သလို ဟြေရင်လည်း မှန်မှန်ကန်ကန်ဟြေတာကိုပဲ ညီမကြိုက်တယ်။ ညီမက စိတ်ဓာတ်ထက်မြက်တယ်လို့ ဟြေလို့ရတယ်။ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်တယ်။

ဘ၀မှာအရေးကြီးတာက အများကြီးပါပဲ။ ငွေဆိုတာ မရှိမဖြစ်လိုအပ်သလို စိတ်ဓာတ်ကောင်းဖို့ ဆိုတာလည်း ဘ၀မှာ မရှိမဖြစ်လိုအပ်ပါတယ်။ စိတ်ဓာတ်မကောင်းတဲ့သူက ဘယ်တော့မှ ဘ၀မှာအောင်မြင်မှုမရနိုင်သလို သူ့ဘ၀လမ်းကြောင်းလည်း မကောင်းနိုင်ပါဘူး။

နောက်ထပ်လုပ်စရာဆိုရင် ညီမ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ရှိပါတယ်။ ညီမ ဖက်ရှင်ဆိုင်ဖွင့်ဖို့ စီစဉ်ထားတယ်။ ဖက်ရှင်တွေကိုလည်း ညီမစိတ်ဝင်စားလို့ပါ။ လူတယောက်က သူ့နေရာနဲ့သူတော့ အသုံးဝင်ပါတယ်။ ဒါပေမယ့် သူ့မှာ အရည်အချင်းနဲ့ အရည်အသွေးရှိဖို့တော့ လိုတယ်။ အရည်အချင်းကို ဖော်ပြနိုင်ဖို့လည်း လိုအပ်တယ်။

ညီမ စာတွေလည်း ဖတ်ဖြစ်ပါတယ်။ ဘ၀အတွက် အကျိုးရှိစေမယ့် စာပေတွေပေါ့။ စာပေဖတ်တာလည်း ကိုယ့်ဘ၀အတွက် ဘယ်တော့မှ အကျိုးမယုတ်ပါဘူး။ လူငယ်တွေဆိုတာ အနာဂတ်မှာ တက်လမ်းရှိတဲ့သူတွေလေ။ အနာဂတ်တက်လမ်းတွေအတွက် ကိုယ်တိုင်ကြိုးစားမှုတော့ လိုအပ်ပါတယ်။
ငယ်ငယ်တုန်းက ကြားဖူးတဲ့ စကားပုံလေးတခုရှိတယ်။ အဲဒါက “အလှအတွက်မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ပါ” တဲ့။ အခုလည်း ဘ၀အတွက် လိုအပ်တာက ကြိုးစားမှုပဲ။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်ဆိုတဲ့ စကားပုံလည်းရှိတယ်လေ။ လူငယ်တယောက်က လွတ်လပ်ခွင့်တော့ ရှိသင့်တယ်။ လွတ်လပ်တာကို အလွဲသုံးစားလုပ်ပြီး မကောင်းတာတွေတော့ မလုပ်သင့်ပါဘူး၊


ညီမက အနုပညာအလုပ်ကို သိပ်တော့ ၀ါသနာမပါဘူး။ ဒါပေမယ့် Photo Model လုပ်ရတာတော့ ၀ါသနာပါတယ်၊ သဘောကျတယ်။ ဒါကြောင့် မော်ဒယ်လ်သင်တန်းတော့ တက်နေပါတယ်။

 

မြတ်သူအောင်


သြဂုတ် ၁၇ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်မှာ ဖော်ပြပြီးဖြစ်ပါတယ်။

လူငယ်နဲ့ခေတ်ရေစီး

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။

လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

  

.

Viewing all articles
Browse latest Browse all 5236

Trending Articles