Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗိသုကာ အနုပညာလက်ရာ အစွမ်း

$
0
0
ဘယ်ဂျီယံနိုင်ငံ Limburg နယ်က အနုပညာမြောက်ခရစ်ယာန်ဘုရားကျောင်းတခုပါ။ တကယ်တော့ ဘုရားကျောင်းပုံစံကို အခြေပြု ဖန်တီး ထားတဲ့ ဗိသုကာ အနုပညာပစ္စည်း တခုလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။



ဓာတ်ပုံ- gijsvanvaerenbergh.com

ဓာတ်ပုံထဲမှာ မြင်ရတဲ့ ဘုရားကျောင်းကို ၂ဝ၁၁ ခုနှစ်တုန်းက ကော်လံ ချောင်း ၂ဝဝဝ နဲ့ စတီးလ် (သံမဏိ) တန် ၃ဝ နဲ့ တည်ဆောက်ထားတာပါ။

အောက်ခြေ ဖောင်ဒေးရှင်းကိုတော့ ကွန်ကရစ်နဲ့ တည်ဆောက်ထားတာပါ။   အလျားလိုက် သံပြားတွေ နဲ့ ထွင်းဖောက်မြင်နိုင်စွမ်း ရှိအောင် ချိတ်ဆက်ထားတဲ့ ရိုးရာဘုရားကျောင်းပုံစံ ဖြစ်ပါတယ်။

ဒီ အနုပညာပစ္စည်းကို အမည်နာမအားဖြင့် Reading Between the Lines လို့ အမည်ပေးထားပြီး မျက်နှာ ရှုထောင့် တခုချင်းစီက ကြည့်လိုက်တိုင်း ပုံသဏ္ဍန် တမျိုးစီနဲ့ ဒီဇိုင်း တမျိုးစီ အဖြစ်အပြောင်းအလဲတွေကို မြင်နိုင်ပါတယ်။

ယဉ်ကျေးမှု မြင့်မားတဲ့ သင်္ကေတ ထဲမှာ အနုပညာကို နားလည်ခံစားတတ်ခြင်းဆိုတဲ့ အချက်တချက် ပါဝင်ပါတယ်။ 

အခု ဒီ အနုပညာရဲ့ ရသတွေကို ဧရာဝတီပရိသတ်တွေလည်း  ခံစားရမှာ မုချမလွဲပါ။ ဒီလို အနုပညာ ပစ္စည်းကို ဘယ်လို ဖန်တီးခဲ့ပြီး အချိန်အားဖြင့် ဘယ်လောက်ကြာသလဲဆိုတာ သိနိုင်စေဖို့ ဧရာဝတီ ပရိသတ်များ အတွက်အောက်မှာ ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။






အိမ့်သံစဉ် ~ 












Viewing all articles
Browse latest Browse all 5236

Trending Articles