Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမေရိကန်က ဖာဂူဆန်မြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်

$
0
0
အမေရိကန်ပြည်ထောင်စု မစ္စူရီ ပြည်နယ်အုပ်ချုပ်ရေးမှူးက စိန့်လူ့ဝစ်မြို့နယ်ထဲက အာဖရိကန်-အမေရိကန်တွေနဲ့ လုံခြုံ ရေး တပ်ဖွဲ့တွေ ကြား ပဋိပက္ခတင်းမာမှုဖြစ်တဲ့ ဖာဂူဆန်မြို့မှာ အရေးပေါ် အခြေအနေကြေညာပြီး ညမထွက်ရအမိန့်ထုတ် ပြန်လိုက်ပါပြီ။ 

 ဖာဂူဆန်မြို့မှာ ညမထွက်ရ အမိန့်ကြေညာနေတဲ့ မစ်ဆူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး နစ်ဆန်၊ ဓာတ်ပုံ- The Guardian

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အာဖရိကန် အမေရိကန် ဆယ်ကျော်သက် လူငယ်ဦးသေဆုံး ခဲ့မှုနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေကြောင့် ဆူပူ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ တာမှာ အခုလိုအခြေအထိ ဖြစ်လာ ခဲ့တာပါ။ 

အမေရိကန်သတင်းတွေမှာလည်း လူတချို့ဟာ ဆယ်ကျော်သက် လူငယ် သေဆုံးခဲ့တာကို အခွင့်ကောင်း ယူပြီး ကုန်စုံဆိုင် တွေက ပစ္စည်းတွေကို လုယက် ခဲ့ကြတာတွေလည်း ပြသနေပါတယ်။ 

အခုလို ညမထွက်ရအမိန့်ထုတ်ပြန်လိုက် တာဟာ အဲဒီလို ပစ္စည်း လုယက်သူတွေကို ဟန့်တားထိန်းသိမ်းနိုင် ဖို့ ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာပြောဆိုပါတယ်။ 

 ရဲက ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်ဆိုတဲ့ ဆယ်ကျော်သက် မိုက်ကယ်ဘရောင်းဟာ မသေဆုံးခင်မှာ ကုန်စုံဆိုင်တခု အတွင်း လုယက်ကာ ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက်မှု လုပ်ခဲ့တဲ့ ဗွီဒီယိုကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီဗွီဒီယိုက လည်း တမုဟုတ်ချင်း အွန်လိုင်းမှာ ပျံ့နှံ့သွားပါတယ်။ အဲဒီဗွီဒီယိုထုတ်ပြန်ပြီး အကြမ်းဖက်မှုတွေ ပိုဆိုးလာပြီး အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ရတာပါဘဲ။

  

ဒါကတော့ ရဲက ပစ်ခတ်ပြီး သေဆုံးသွားတဲ့ မြင်ကွင်းပါ။


အိမ့်သံစဉ် ~ 

 










Viewing all articles
Browse latest Browse all 5236

Trending Articles