Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပဲရစ်က ချစ်သူတံတား၊ အစဉ်အလာပိတ်ပင်ခံရ

$
0
0
ပြင်သစ်နိုင်ငံမှာ ပဲရစ်မြို့က ရှေးဟောင်းတံတားတခုမှာ ချစ်သူစုံတွဲတွေရဲ့ ကတိသစ္စာပြု သော့ခတ်လေ့ရှိ တဲ့ အလေ့အထ ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ 

 ပဲရစ်မြို့က Le Pond des arts တံတားပေါ်က သော့တွေနဲ့ ချစ်သူစုံတွဲ

ရှေးဟောင်း တံတားကို မပျက်စီးစေပဲ ထိန်းသိမ်းဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ် ကမ္ဘာလှည့် ခရီး သည်တွေပဲဖြစ်ဖြစ် သော့တွေ ခတ်ခွင့် မပေးတော့ပါဘူး။ 

Le Pont des arts လို့ လူသိများတဲ့ ပဲရစ်မြို့က တံတားပေါ်မှာ လွန်ခဲ့တဲ့ နှစ်တော်တော်များစွာကတည်း က ချစ်သူတွေဟာ ချစ်သစ္စာ တိုင်တည်တဲ့ အနေနဲ့ သော့တွေခတ်ပြီး သော့တံကို မြစ်ထဲ လွှင့်ပစ်ခဲ့ကြလေ့ ရှိပါတယ်။ မခွဲတမ်းချစ်မယ်ဆိုတဲ့ သဘောပါ။ 

တကယ်လို့ ၂ ဦး လမ်းခွဲကြကြေးဆိုရင် မြစ်ထဲက သော့တံပြန်ရှာပြီး သော့ဖွင့်လို့ရမှ ဖြစ်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ သော့တံတွေကို မြစ်ထဲ လွှင့်ပစ်ကြတာပါ။ 

ဒီလိုနဲ့ လူတွေက ဒီတံတားမှာ လာကြ၊ သော့တွေခတ်ကြနဲ့၊ တံတားမှာ ချိတ်ခတ်ထားကြတဲ့ သော့ တွေရဲ့ အလေးချိန်က များလာတော့ တံတားအစိပ်အပိုင်းတချို့ တံတားပျက်စီးလာနေတာကို ပြင်သစ် အာဏာပိုင်တွေ က ထောက်ပြပြီး အခုလို သော့တွေခတ်တဲ့ အစဉ်အလာကို ပိတ်ပင်လိုက်တာပါ။ 

ချစ်သူတံတားကို လာရောက်ကြသူတွေအနေနဲ့ ဓာတ်ပုံရိုက်တာလောက်ပဲ ခွင့်ပေးလိုက်တဲ့အပေါ် ကမ္ဘာလှည့်ခရီးသွားတွေ နဲ့ ဒေသခံတွေကလည်း သော့ခတ်တဲ့ အစဉ်အလာကို လုပ်ခွင့် မပေးလို့ သဘောမကျ ကြပါဘူး။ 

 ပဲရစ် က ချစ်သူတံတားမှာ အခုလို ချစ်သူတွေရဲ့ အစဉ်အလာ လုပ်ခွင့်မရတဲ့အပေါ် ဧရာဝတီပရိသတ်
aတွကရော ဘယ်လို အယူအဆမျိုးရှိပါသလဲ၊ လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။

  

အိမ့်သံစဉ် ~ 

 













Viewing all articles
Browse latest Browse all 5236

Trending Articles