Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းနိုင်ငံမှာ မော်ဒယ်အဖြစ် နာမည်ကြီးလာနေတဲ့ ရှမ်းပျိုမေ

$
0
0
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဘဝကနေ မော်ဒယ်တဦးဖြစ်လာသူ ရှမ်းပျိုမေ တဦး အကြောင်း ထိုင်း အွန်လိုင်းသတင်းတွေမှာ နာမည်ကြီးလာနေပါတယ်။ 

ထိုင်းမှာ နာမည်ကြီးလာတဲ့ စားပွဲထိုး ရှမ်းပျိုမေ၊ ဓာတ်ပုံ- khaosod

မြန်မာနိုင်ငံ တောင်ကြီးမြို့က အသက် ၂၅ နှစ်အရွယ် နောင့်နိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လက်ပ်ယန်း စားသောက်ဆိုင် မှာ စားပွဲထိုးလုပ်ရင်း လူသိများလာကာ သူနဲ့ အတူဓာတ်ပုံတွေ တွဲရိုက်ကြရင်း အွန်လိုင်း မှာ နာမည်ကြီးလားခဲ့ရာကဓာတ်ပုံ အဖွဲ့တခုနဲ့ ချိတ်မိကာ မော်ဒယ်တဦးဖြစ်လာခဲ့ရတာပါ။ 

သူ့အလှက ထိုင်းနိုင်ငံ လှပျိုဖြူ တချို့လို ဖန်တီးထားတဲ့ အလှမျိုးမဟုတ်ပဲ မိခင်ဝမ်းက ကျွတ်လာက တည်းက အလှကို ပိုင် ဆိုင်ထားပြီး သူ့ ဘဝ ကံအကျိုးပေးကိုယ်က အလှစစ်ကို ပိုင်ဆိုင်ထားတာလို့ သတင်းတွေက ရေးကြပါတယ်။ 


ချင်းမိုင် လက်ပ်ယန်း စားသောက်ဆိုင်မှာ စားပွဲထိုးတော်တော်များများကလည်း မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်သူ လှပတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ စားပွဲထိုး မိန်းကလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြရင်လည်း တချို့က ပိုက်ဆံပေးကြတယ် လို့ ဆိုပါတယ်။ နောင့်နိုင်း ခေါ် နန်စီကလည်း သူ့အလှကြောင့် ဧည့်သည်
တော်တော်များများက သူနဲ့တွဲပြီး ဓာတ်ပုံရိုက်ပြီး ရင် စေတနာသဒ္ဒါကြေးပေးကြတော့ ဝင်ငွေ ပိုရပြီး သူ့အိမ် က မိသားစုကို ပိုပြီး ထောက်ပံ့နိုင်တယ်လို့ ဆိုတယ်။ 

ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ရောက်လာခဲ့ရင်း နောင့်နိုင်းဟာ အိမ်ဖော်လည်း လုပ်ခဲ့ဖူး သလို ဆောက် လုပ်ရေး လုပ်ငန်းတွေမှာလည်း ကြုံရာ ကျပန်း လုပ်ခဲ့ရသူပါ။ 

အဲဒီကနေ ချင်းမိုင်က စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်ရင်း သူ့ အလှက နာမည် ကြီးလာလို့ အခုလို ဓာတ်ပုံ အဖွဲ့က မဂ္ဂဇင်း၊ အဝတ်အစားစတဲ့ ကြော်ငြာတွေ ရိုက်ပေးရတဲ့ မော်ဒယ် အဖြစ် ဓာတ်ပုံတွေ အွန်လိုင်းမှာ တင်ရင်း အခုဆိုတော်တော် နာမည်ကြီးလာတာပါ။ 

အထူးသဖြင့်တော့ ချင်းမိုင် သတင်းစာက ရှက်တတ်တဲ့ မျက်နှာလေးနဲ့ စားပွဲထိုး ရှမ်းပျိုမေ လေးအကြောင်း မကြာခဏ ဖော်ပြလေ့ရှိပါတယ်တဲ့။ 

သူ့ရဲ့ အလှကြောင့် စားသောက်ဆိုင်မှာလည်း လူစည်ကားပြီး ဈေးရောင်းကောင်းတာ တကြောင်း၊ အလုပ်ရှင် က လည်း သူ့ အပေါ် နားလည်ပေးတဲ့အတွက် တဖက်က မော်ဒယ်လုပ်နေပေမယ့် စားပွဲထိုးအလုပ်ကိုလည်း မစွန့်လွှတ်ပါဘူးတဲ့။ 

မိခင်ဖြစ်သူကလည်း ရာဘာ စိုက်ပျိုးရေး လုပ်ငန်းမှာ အလုပ်လုပ်နေတာပါတဲ့။ တလောကတော့ မြန်မာပြည် ခဏ ပြန်သွား ခဲ့ပြီး ပြန်လာကာ ရာဘာ လုပ်ငန်းခွင်ထဲ ပြန်ရောက်သွားပါပြီ။







အိမ့်သံစဉ် ~ 
















Viewing all articles
Browse latest Browse all 5236

Trending Articles