Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကိုရီယား ကေပေါ့ပ်ဆီက တကယ့် အတုယူစရာက ဘာလဲ

$
0
0
ကိုရီယား K-PoP ဟာ ယနေ့ အာရှသာမက ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ လူငယ်တွေအကြား လူကြိုက် များပြီး  နာမည်ရလာနေပါတယ်။  မြန်မာနိုင်ငံမှာလည်း ကိုရီယား လှိုင်းနဲ့ အတူ ကေပေါ့ပ်ကို စွဲမက်ကြ တယ်။ အားကျ အတုယူကြတယ်။ 

တကယ်အတုယူစရာတွေက ဘာတွေလဲ ဆိုတာ သိစေဖို့ ကေပေါ့ပ် အကြောင်းတစေ့တစောင်း ကို ဖော်ပြ
ပေး လိုက်ပါတယ်။ 


ကေပေါ့ပ်တဖွဲ့ လေ့ကျင့်စဉ် မြင်ကွင်း၊ ဓာတ်ပုံ- Rappler.com

ကိုရီယား ကေပေါ့ပ် အဖွဲ့ဝင်တွေဟာလဲ ပရိသတ်ထဲ နာမည်ရလာတာနဲ့ အမျှ သူတိုတွေ့ရဲ့ ကိုယ်ပိုင်အချိန်
တွေ ဟာလဲ နည်းပါးလာခဲ့ပါတယ်လို့ ကေပေါ့ပ်အဖွဲဝင်တွေ က ပြောကြ ပါတယ်။ ပြောရရင် အောင်မြင်တဲ့ အနုပညာရှင်တိုင်း မိမိကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးလာကြတာပါဘဲ။

ကေပေါ့ပ် အဖွဲ့ဟာ ပရတ်သတ်တွေရှေ့မှာ မဖျော်ဖြေခင်ကတည်းက နေတိုင်း အကတိုက်ပြီး လေ့ကျင့်ခန်း
တွေ လုပ်ကြရတာပါတဲ့။  သူတို့ရဲ့ အက တိုက်ချိန်နဲ့ သီချင်း သီဆိုဖို့ အတွက်ကို တနေ့ ၁၆ နာရီလောက် အချိန်ပေးကြရတယ်လို့ ဆိုပါတယ်။ 

ဒီအပြင် သက်လုံကောင်းဖို့  ပြင်းထန်တဲ့လေ့ကျင်မှုတွေ လုပ်တာတောင်မှ အောင်မြင်မှု ရမယ် မရဘူးဆို တာ ပြိုင်ဆိုင်မှု များတဲ့ ကမ္ဘာမှာ အာမခံချက်ဆိုတာ မရေရာပါဘူးလို့ အင်တာဗျူး တခုမှာ တွေ့ပါတယ်။ 

ကိုရီးယား ကေပေါ့ပ်အဖွဲ့ဝင်တွေအနေနဲ့ အကနဲ့ အဆိုတွေ ကောင်းရုံနဲ့ မလုံလောက်ပါဘူးတဲ့။ သူတို့ ရုပ်ရည်ကလည်း ကြည့်ကောင်းဖို့နဲ့ လှပပြီး စွဲဆောင်မှုတွေကလည်း အရေးကြီးပါတယ်တဲ့။ 

ကေပေါ့ပ်တဖွဲ့ဖြစ်လာဖို့ ဆိုတာ တော်ရုံငွေကြေးပြည့်စုံရုံနဲ့လည်း လိုအပ်ပါသေးတယ်။ ကေပေါ့ပ် အဖွဲ့တဖွဲ တည်ထောင် ဖို့ ဆိုတာ ဒေါ်လာ ၅ သိန်းကနေ ၁ သန်းလောက် ရင်းရပါတယ်။ 

ဒီအပြင် အခွေထွက်ဖို့လည်း ဒေါ်လာ သိန်းဂဏန်းကနေ သန်းဂဏန်းထိ ကုန်ကျကြပါတယ်။ ပရိသတ်အမြင် မှာ ကေပေါ့ပ်၊ ကေပေါ့ပ်နဲ့ အကနဲ့ အဆိုတွေက လွယ်မယောင် ထင်ရပေမယ့် တကယ်တော့ အချိန် အတော်ပေးကာ လေ့ကျင့်ထားရတာပါတဲ့ ။ 

တချို့ဆို တနေ့မှာ ၁၆ နာရီလောက်က အကနဲ့ အဆို လေ့ကျင့်နေကြရပြီး အဖွဲ့ရဲ့ မန်နေဂျာရဲ့ တင်းကြပ် တဲ့ စည်းကမ်းအောက်မှာ နေထိုင်ရတာလို့ သိရပါတယ်။ ဒါမှသာ မြန်မာစကားပုံတခုလို ပွဲမဝင်ခင် အပြင် မှာ ကျင်းပဆိုတဲ့ အတိုင်း တကယ့် ပရိသတ်ရှေ့ရောက်တဲ့အခါ ညီညာနေတဲ့ ကဟန် စည်းကွက်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

ကေပေါ့ပ်အဖွဲ့တွေကလည်း တောင်ကိုရီးယားနိုင်ငံမှာ အများအစားရှိပြီး အခါအားလျော်စွာ ပြိုင်ပွဲတွေ လည်း လုပ်ကြတာပါ။ တဖွဲ့နဲ့ တဖွဲ့ ယှဉ်ပြိုင်ကြတဲ့အခါ လေ့ကျင့်မှုနည်းပြီး ဖန်တီးမှု အားနည်းရင် ပရိသတ် အလယ် ရှုံးပွဲ ဆင်ရမှာမို့ အားတက်သရော လေ့ကျင့်ကြရပါတယ်တဲ့။ 

မြန်မာပရိသတ် လူငယ်တွေကြားထဲလည်း ကိုရီယားကေပေါ့ပ်ဟာ ရေပန်းစားလူကြိုက်များတာ သာဓက တခုအနေနဲ့ မကြာသေးခင်တုန်းက ရန်ကုန်မှာ ဝင်ကြေး လူတဦး ၉ သိန်းလောက်ထိ ပေးပြီး အားပေးလိုက် ရတဲ့ လာဖျော်ဖြေသွားတဲ့ 2 NE 1 ကေပေါ့ပ် အဖွဲ့ကို မြန်မာပရိသတ် စွဲမက်တာက ထင်ရှားပါတယ်။ 

မြန်မာလူငယ်တွေကလည်း ကိုရီးယား ကေပေါ့ပ် ဟန် ဝတ်စားဆင်ယင်မှုတွေကိုလည်း အတုခိုးကြပြီး စွဲမက်ကြပါတယ်။ ဒီလို အဝတ်အစားနဲ့ သူတို့ ဟန်ပန်တွေကိုသာမက သူတို့ရဲ့ ကြိုးစားမှု၊ လေ့ကျင့်မှုတွေ ကိုတော့ မြန်မာလူငယ်တွေ အတုယူအားကျမယ်ဆိုရင် မြန်မာတွေရဲ့ M-Pop တွေလည်း ပေါ်ထွန်း လာမှာ မုချ မလွဲပါဘူး။


  


အိမ့်သံစဉ် ~ 










 

Viewing all articles
Browse latest Browse all 5236

Trending Articles