စစ်ကို မမုန်းသေးတဲ့ စစ်သားဟောင်းတွေရဲ့ အစွမ်းပြကွက်တွေဖြစ်ပါတယ်။ သူတို့အားလုံးဟာ တချိန်က စစ်မြေပြင်တွေမှာ ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး ကိုယ်ခန္ဓာအစိပ်အပိုင်းတချို့ ဆုံးရှုံးခဲ့ကြရသူတွေပါ။
ဒီထဲကတယောက်ဆို ခြေ ၂ ဖက်လုံး ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ ခြေတဖက်ဆုံးရှုံ၊ လက်တဖက်ဆုံးရှုံး၊ မျက် လုံး တဖက်ဆုံးရှုံး စတဲ့ ခန္ဓာကိုယ် အစိပ်အပိုင်း ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် သူတို့ရဲ့ စိတ်ဓာတ်၊ သူတို့ရဲ့ ခံယူချက်နဲ့ လောကနဲ့ လူ့ဘဝကို သူတို့ ပေးချင်တဲ့ စကားက သူတို့ဟာ သန်လည်းသန်ဆဲ စွမ်းလည်း စွမ်းဆဲပါဘဲတဲ့။
သူတို့တွေကို လူတွေက သန်စွမ်းတော့မယ်မထင်ဘူးလို့ ထင်မှတ်မှားနေမှုတွေကို အခုလို စွမ်းဆောင်ပြ မှုတွေနဲ့ ရာနဲ့ချီတဲ့ လာရောက်ကြည့်ရှုအားပေးသူတွေကို တချိန်ကလေ့ကျင့်ထားတဲ့ စွမ်းဆောင်မှုတွေ မလျော့ပါးသွားဘူးဆိုတာ ပြသကြပါတယ်။
သူတို့အားလုံးမှာ တူညီတဲ့ အချက်တခုကတော့ စစ်ပွဲတွေကြောင့် ကိုယ်ခန္ဓာ ဆုံးရှုံးခဲ့ရပေမယ့် စစ်ပွဲတွေနဲ့ စစ်ရေးလေ့ကျင့်မှု၊ စစ်ပညာတွေကို အခုထိ မမုန်းသွားကြတာပါဘဲ။
အခု ဗွီဒီယို ပြကွက်ကနေ မြန်မာ့လူ့ဘောင်ထဲက နိုင်ငံသား အားလုံးလည်း သူတို့လို စိတ်အားထက်သန် မှုတွေနဲ့ အတူ သန်လည်း သန်၊ စွမ်းလည်း စွမ်းတဲ့ သန်းစွမ်းသူတွေအဖြစ် ဘဝကို အောင်ပန်းတွေ ဆွတ် ခူးနိုင် မယ့် ခွန်အားတွေ မွေးဖွားစေမယ်လို့ မျှော်လင့်ပါတယ်။
.
ဓာတ်ပုံများ- Team-X-treme.org

အိမ့်သံစဉ် ~