Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အပစ်ရပ်ရေးတိုက်တွန်းချက် ထွက်ပေါ်ပုံ FDA ကြေညာချက်ထုတ်ပြန်

$
0
0
ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် FDA လို့ ခေါ်တဲ့ ဒီမိုကရေစီ မဟာမိတ်နိုင်ငံရေးပါတီ ၁၁ ပါတီက တနိုင်ငံ လုံး အတိုင်းအတာနဲ့ ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတဲ့ ကြေညာချက် ထွက်ပေါ် လာပုံကို အခုလို NDF ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 


ကချင်ပြည်နယ် စစ်ပွဲ မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ
 
 ကြေညာချက် အပြည့်အစုံကတော့... 


ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

 ကြေညာချက်အမှတ်( ၈/၂၀၁၄) 

ရက်စွဲ။ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၁၄)ရက် 

 ၁။ ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) ၁၁ ပါတီစုပေါင်းအဖွဲ့သည် ၁၁-၈-၂၀၁၄ ရက်နေ့ တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

 ထိုတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီစုစုပေါင်း (၆၆)ပါတီ တက်ရောက်ဆွေးနွေးခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ် စဲရေး အမြန်ဆုံးလက်မှတ်ရေးထိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စောလျင်စွာ အကောင်အထည်ဖော် ရန် တိုက်တွန်းကြောင်းအဆို ကို တက်ရောက်လာသော နိုင်ငံရေးပါတီများ၏ သဘောထားများကို ရယူ၍ အများသဘောတူကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 

၂။ ယင်းသို့ သဘောတူထုတ်ပြန်ရန်အတွက် ညီနောင်တိုင်းရင်းသားဖက်ဒရယ်ရေးရှင်း NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPဥက္ကဌဦးစိုင်းအိုက်ပေါင်းမှ စတင်အဆိုပြုပါသည်။ 

ယင်းအဆိုကို NLDပါတီ၊ တစညပါတီ၊ NNDP ပါတီနှင့် အခြားသော ဒီမိုကရေစီနှင့် တိုင်းရင်းသားပါတီများ က ယင်းအချိန်တွင် ကန့်ကွက်ဆွေးနွေးခြင်း မရှိခဲ့ပါ။ 

ညနေပိုင်းတွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်မှ နိုင်ငံလုံးဆိုင် ရာအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်းအဆိုမူကြမ်း ကို ဆွေးနွေးပွဲတွင် တစ်ပိုဒ်ခြင်း ဖတ်ပြ၍ ထိုအဆိုပြုချက်ကို သဘောတူပါသလားဟု သုံးကြိမ်မေးမြန်းပါသည်။ 

ထို့နောက် သဘောမတူသူများရှိပါသလားဟု သုံးကြိမ်မေးမြန်းခဲ့ပါသည်။ သဘောမတူသူများ မရှိပါသဖြင့် ၁၁-၈-၂၀၁၄ ရက်နေ့ ညနေ ၅း၀၀နာရီခန့်တွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်
ရေး ထိုးရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် တရားဝင်ပါတီများက တိုက်တွန်းကြောင်း ကြေညာချက် ကို မိမိတို့၏လွတ် လပ်သောသဘောဆန္ဒအရ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ 

၃။ အဆိုပါ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးရရှိလာရေး ပြည်သူအများတောင့်တနေသည့် ဆန္ဒကြီး ကို နိုင်ငံနှင့်ပြည်သူ့အပေါ် တာဝန်သိပါတီအသီးသီးက ထိုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းကို မိမိတို့ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများက တည်ကြည်လေးနက်စွာ ထပ်မံထောက်ခံ အပ်ပါသည်။ 

မြန်မာပြည်သူ များအတွက် ပြည်တွင်းစစ်ချောက်နှုတ်ခမ်းမှလွတ်မြောက်ပြီး လက်တွေ့ကျသော အမျိုးသား ညီညွတ်ရေး ပန်းတိုင်သို့ ရောက်ရှိစေရန်နှင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန် ဆန္ဒပြင်းပြနေသည့် ပြည်သူ များ၏သဘောထား နှင့် ဖီလာဆန့်ကျင်နေသော အပြုအမှုနှင့်လုပ်ဆောင်မှုများကို မိမိတို့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများ အနေဖြင့် လက်မခံနိုင်ပါ။ 

၎။ ထို့ကြောင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်ရေးထိုးရန် နှင့် နိုင်ငံရေးဆွေးနွေး ပွဲ များ စတင်ရန် နိုင်ငံရေးပါတီများက တိုက်တွန်းကြောင်းကြေညာချက်ကို အမျိုးသားညီညွတ်ရေးအမြန် ဆုံး ဖြစ်ပေါ် စေ လိုသော ဆန္ဒမှန်ဖြင့် မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီ များက ထောက် ခံ ပါကြောင်း ပြည်သူအများသိစေရန် ကြေညာချက် ထုတ်ပြန်အပ်ပါသည်။ ` 


ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်( FDA)

 ရန်ကုန်မြို့ 












Viewing all articles
Browse latest Browse all 5236

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မနောမယအိမ်ခြံမြေရောင်းနည်း