Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမျိုးသမီးတဦးနဲ့ ရည်စားဖြစ်နေဟု ပြောသူကို ကျောင်းထိုင်က တူနဲ့ ထုသတ်

$
0
0
ရွာအတွင်းက အမျိုးသမီးတဦးနဲ့ သမီးရည်းစားဖြစ်နေတယ်လို့ ဂုဏ်သိက္ခာကျဆင်းအောင်ပြောတဲ့သူ ကို ကျောင်းထိုင်ဆရာတော်က တူနဲ့ ထုသတ်မှု မကွေးတိုင်း အောင်လံမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ 


ဒီအကြာင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။ 



အမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်နေကြောင်း စွပ်စွဲပြောဆိုသူကို တူနှင့်ထုသတ်မှုဖြစ်ပွား 

 နေပြည်တော်၊ သြဂုတ် ၉ ၂၀၁၄ ခုနှစ်၊ 

သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အောင်ညီသာ
ကျေးရွာ၊ အောင်မြေသာဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဥူးကောဘိတ(ခ)ကျော်မင်းဌေး (၃၂)နှစ်၊ ၀ါတော်(၁၂)၀ါသည် ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ကျောင်းမှကျောင်းသား
ဖြစ်သူ အောင်ညီသာကျေးရွာနေ စောပြည့်အောင်(၁၈)နှစ်သည် ဥူးကောဘိတ(ခ)ကျော်မင်းဌေးအား ရွာ အတွင်းရှိအမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်နေကြောင်း ဂုဏ်သိက္ခာကျဆင်းအောင် စွပ်စွဲပြော ဆို သဖြင့် ဥူးကောဘိတ(ခ)ကျော်မင်းဌေးက တူနှင့်ထုရိုက်သတ် ခဲ့ကြောင်း ပြောပြသိရ၍ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာ အောင်မြေသာဘုန်းကြီးကျောင်းအပေါ်ထပ် ခြေရင်းခန်း၌ စောပြည့်အောင်တွင် နဖူး၊ ဦးခေါင်းဝဲဘက်၊ ဦးခေါင်းထိပ်၊ ၀ဲနားရွက်နှင့် ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို
တွေ့ရှိရသဖြင့် ဥူးကောဘိတ(ခ)ကျော်မင်းဌေးအား ရပ်/ကျေးသံဃာ့နာယက ဥက္ကဌ ဆရာတော် အရှင်သမာဓိသူရိယ ထံတွင်လူဝတ်လဲပြီး ၎င်းအား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း (ပ)၂၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 


 















Viewing all articles
Browse latest Browse all 5236

Trending Articles