Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှားလေကြောင်းလိုင်း နိုင်ငံပိုင်ပြောင်းမယ်

$
0
0
မလေးရှားလေကြောင်းလိုင်းက ဒီနှစ်ထဲမှာ လေယာဉ် ၂ စင်း ပျောက်ဆုံး ပျက်ကျခဲ့ပြီး အခုတော့ MAS
လေကြောင်း လိုင်းကို ရာနှုန်းပြည့် မလေးရှား နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအဖြစ်ပြောင်းလဲပါတော့မယ်။ 


အရင်ကတော့ မလေးရှားလေကြောင်းလိုင်းမှာ နိုင်ငံပိုင် အစုရှယ်ယာက ၇ဝ ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့ ၃ဝ ရာခိုင်နှုန်းကို အစုရှယ်ရာ ပုဂ္ဂလိကတွေအနေနဲ့ လေကြောင်းလိုင်းမှာ ရင်းနှီးမြှုပ်နှံခွင့် ရှိခဲ့တာပါ။ 

မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ပီကင်းကို ပျံသန်းရင်း အခုထိ အစရှာလို့မရပဲ ပျောက်ဆုံးနေခဲ့တဲ့ MH 370 ဘိုရင်း ဂျက်လေယာဉ်ဖြစ်စဉ်အပြီး မကြာသေးခင်ကပဲ ယူကရိန်းနိုင်ငံအရှေ့ဘက်မှာ ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေးသမား စစ်သွေးကြွတွေက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့လို့ ပျက်ကျခဲ့ရပါ တယ်။ 

ဒါကြောင့် လေယာဉ်စီးခရီးသည်တွေအနေနဲ့ မလေးရှားလေကြောင်းလိုင်းအပေါ် ယုံကြည်မှုတွေကျ ဆင်း လာ ခဲ့ပါတယ်။ အ

ခုတော့ မလေးရှားအစိုးရအနေနဲ့ MAS ကို ရာနှုန်းပြည့် နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ်ပြောင်းလဲပြီး ခရီးသည်တွေရဲ့ ယုံကြည်မှုကို ရရေး  ပြန်လည်တည်ဆောက်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~ 


 










 

Viewing all articles
Browse latest Browse all 5236

Trending Articles