Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အသက်ရှူချောင်သွားတဲ့ လှည်းတန်းလမ်းဆုံ

$
0
0

ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ လှည်းတန်းဂုံးကျော်တံတားကို ဒီမနက်စောစော စတင် ဖွင့်ပေးလိုက်တဲ့အတွက် ကားတွေ ဖြတ်မောင်းနေကြပါပြီ။

 


(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ) 
 

  တံတားဖွင့်ပွဲကို မကြာခင်  ကျင်းပဖွယ် ရှိပါတယ်။
တခမ်းတနား ကျင်းပမယ် ဆိုရင်ဖြင့် ပိုက်ဆံ သောက်သောက်လဲ သုံးရမှာပါ။

ဗိုလ်ချုပ်ကြီးတို့က ပကာသနစရိတ်အတွက်ဆို လက်ဖွာတတ်တဲ့အတွက် ပိုက်ဆံကုန်လည်း ဂရုစိုက်မယ် မထင်ပါဘူး။

တံတားအကြောင်း ပြန်ဆက်ရရင် -
ဒီလမ်းဆုံက လမ်းမကြီး ၄ ခု မဟုတ်ဘဲ ၅ ခု ဆုံတဲ့နေရာဖြစ်တဲ့အတွက် မီးပွိုင့်မှာ ကားတန်းရှည်ကြီးတွေ တွေ့ခဲ့ရမှာပါ။

အခုတော့ တံတားကြီးကျေးဇူးကြောင့် ရန်ကုန်မြို့တွင်း နဲ့ မင်္ဂလာဒုံဘက် ကူးသန်း သွားလာကြတဲ့ ပြည်လမ်းပေါ်က ကားတွေ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်ကနေ ဖြတ်မောင်းနေပါပြီ။
ဒါကြောင့် လမ်း ၅ ခုဆုံရာ ဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှု သိသိသာသာ လျော့ကျသွားမှာ အသေအချာပါပဲ။

ဒီနေရာ ချောင်သွားပေမယ့်  တံတားပေါ်ကနေ အဆက်မပြတ် ဖြတ်မောင်းလာတဲ့ကားတွေကြောင့် လမ်း ၄ ခု ဆုံကြတဲ့ ဟံသာဝတီအ၀ိုင်း နဲ့ မြေနီကုန်းမီးပွိုင့်ကို ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာပေါ့ လို့ ထောက်ပြသူလည်း ရှိပါတယ်။

ဒီဝန်ထုပ်ဝန်ပိုးသစ်အတွက်တော့ ဖြေရှင်းကုစားမှုအသစ်တွေ စီစဉ်နေပြီလို့ ယူဆရပါတယ်။ ဥပမာ လမ်းဆုံ ၂ ခုအတွက် ယာဉ်ထိန်းရဲ တာဝန်ပေးမှုတွေ တိုးချဲ့တာမျိုးပါ။

လှည်းတန်းတံတားကြီးပေါ် လူသွားလမ်း ပလက်ဖောင်း ခပ်သေးသေး လုပ်ထားတာ တွေ့ရမှာပါ။
ပေပေါင်း နှစ်ထောင်ကျော် ရှည်တဲ့ ဒီတံတားက ကားတွေဖြတ်မောင်းဖို့ ဆောက်ထားတာပါ။

လမ်းသွားလမ်းလာတွေက တံတားအောက်က သွားရင် ပိုအဆင်ပြေ၊ ခရီးရောက်၊ အန္တရာယ် ကင်းပါလိမ့်မယ်။

ဒီမနက် တံတားပေါ် လမ်းလျှောက်နေသူတွေကတော့ တံတားသစ်ကြီး ဖွင့်ပေးလိုက်လို့ စူးစမ်း ဖြတ်လျှောက်ကြည့်သူတွေ ဖြစ်မယ်လို့ ယူဆရပါတယ်။
 
  -
 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 



Viewing all articles
Browse latest Browse all 5236

Trending Articles