Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်မြို့အနီးတဝိုက်မှာ ချောင်းရေလျှံပြီးနောက်...

$
0
0
 ~





ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ မြွေရိုးအုပ်စု အတွင်းရှိ ဆသမချောင်း ရေလျှံမှုကြောင့် လယ်မြေဧက ၁၀၀ နီးပါးနှင့် လူနေအိမ် ၂၀ခန့် ရေနစ်မြှပ်သွားပါတယ်။ 



ပြည်မြို့နယ်တဝိုက် မိုးရွာသွန်းမှု များနေတာကြောင့်  ရေမြှုပ်သွားတဲ့ထဲမှာ  မြွေရိုးကျေးရွာအုပ်စုအတွင်းက မိမ္မရဲ၊ ယင်းမာကုန်း၊ ကျောင်းကုန်း၊ မြွေရိုး၊   မိမ္မရဲ ရွာတွေပါပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ခန့်က စတင်ပြီး မကြာခဏဆိုသလို ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့ခဲ့ရသော်လည်း ဒီနှစ်မှာတော့   အဆိုးဝါးဆုံးကြုံတွေ့နေကြောင်း ယင်းမာကုန်းကျေးရွာက ကိုအောင်ဆန်းက ပြောပါတယ်။

“ရေမြှပ်တာ သုံးရက်လောက်ရှိပြီး၊ ဒီလထဲမှာဆို ရေကြ
ီးတာ လေးခါလောက်ရှိပြီ။
 ရေတခါပြန်ကျဖို့ ငါးရက်လောက်စောင့်ရတယ်၊ ဒါပေမဲ့ ဒီရေကျဖို့ မလွယ်လောက်ဘူး ဒီအတိုင်း မိုးရွာနေလို့ကတော့
ရေဘေးသင့်သူတွေကို အာဏာပိုင်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီပါသလား။

အခုချိန်အထိတော့ ဘယ်သူမှလာပြီး ကူညီတာ မရှိသေးပါဘူး
လို့ 

ကိုအောင်ဆန်းက ပြောပါတယ်။ဒီအချိန် လယ်ထဲ ရေ အလုံးအရင်း ရောက်လာတော့ ဘာဖြစ်သွားပါသလဲ။

“ေ
ရလွှမ်းတော့ ကျနော်တို့ ကောက်ပင်တွေ ပျက်ကုန်ပြီ၊ လယ်သမားကတော့ ကောက်ပင်မရှိရင် စီးပွားပျက်ပြီပေါ့”
လို့ 
ကိုအောင်ဆန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကစပြီး ရေနစ်မြှပ်မှုကြုံတွေ့ခဲ့ရပြီး ယင်းမာကုန်းကနေ မြွေရိုးကျေးရွာကို ခင်းထားတဲ့ မြေနီးလမ်းကြောင့် ချောင်းရေစီးမှုကို အတားဆီးဖြစ်နေရကြောင်း 
ဒေသခံတွေကပြောပါတယ်။
သစ်ချီတင်ချောင်းအတွင်း စီးဝင်တဲ့ ချောင်းလက်တက်တွေကို ချဲ့ပေးမှသာ ရေနစ်မြှပ်မှုကို တားဆီးကာကွယ်နိုင်မှာဖြစ်တယ်လို့ သူတို့က ယူဆနေကြပါတယ်။

မိမ္မရဲကျေးရွာက အမျိုးသမီးတဦးကလည်း “ အိမ်ထဲရေမ၀င်အောင် ဖို့ထားလည်း မရဘူး။
ရွာလမ်းကိုကျော်ဖို့လည်း မရဘူး။ ရေကျသွားရင်လည်း ရွှံဗွက်တွေ တင်ကျန်ခဲ့တယ်။ အဆိုးဆုံးက အခုရွာထဲမှာ ကလေးတွေ နေမကောင်းဖြစ်နေတယ်။ ဘယ်တာဝန်ရှိသူမှလည်း လာ မကြည့်ဘူး။
ရေကျသွားမဲ့အချိန်ကိုပဲ စောင့်ရတာပဲ။ အဒေါ်က ဈေးရောင်းစားတာ ရေကြီးတော့ အရောင်းအဝယ်က မကောင်းဘူး” လို့ ပြောပြပါတယ်။

ရေစီးရေလာ ကောင်းမွန်စေရန် ချောင်းနှုတ်ခမ်းတွေကို ချဲ့ထွင်ပေးစေလိုကြောင်းနဲ့   သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် ကူညီပေးမှသာ နှစ်စဉ်ကြုံတွေ့ နေရသည့် ရေနစ်မြှပ်မှု ဒုက္ခမှ ကင်းဝေးနိုင်မှာဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။

ရေနစ်မြှပ်မှု မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကောင်းမြတ်မင်း



.

Viewing all articles
Browse latest Browse all 5236

Trending Articles