Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘူးလက်လှဆွေ ပြောတဲ့ လွှတ်တော်ထဲက အထီး၊ အမ ခွဲမှု ဇာတ်လမ်း

$
0
0
နေပြည်တော် လွှတ်တော်မှာ စကားကို စိတ်ထဲ ရှိတဲ့အတိုင်း ပြောတတ်တဲ့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လွှတ်တော်တွင်း အထီး၊ အမခွဲမှု ဆိုင်ရာကိစ္စ 
မဲခွဲ တာနဲ့ ပတ်သက်ပြီး သူ့ဖေ့စ်ဘုတ် ကနေရေးထားပါတယ်။






ဧရာဝတီပရိသတ်တွေ စိတ်ဝင်စားကြမယ် ထင်လို့ သူ့မူရင်း အဓိပ္ပာယ် အတိုင်း အပြည့်အဝ ခံစားလို့ရ
အောင် စာလုံးပေါင်းသတ်ပုံကိုသာ ပြင်ဆင်ပြီး ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ 


 ပြည်ထောင်စု လွှတ်တော်ထဲမှာ ပညာရေး ဥပဒေကြမ်း မဲခွဲကြတယ်ဗျာ၊ အဲဒီမှာ အရေးမပါတဲ့ အကြောင်း အရာ တခုကို ဒီ ချုပ် အမတ်တယောက်က ထ ဆွေးနွေးတယ်ဗျာ။ 

ဘာလဲဆိုတော့ "ကျောင်းဆရာ "ဆိုတဲ့စကားလုံးအစားပညာသင်ကြားပိုချသူလို့သုံးသင့်ကြောင်း၊ သို့ မှသာ အားလုံး အကြုံး ဝင်မည်ဖြစ်ကြောင်း ဆရာဟု သုံးပါက ဆရာမများကျန်ခဲ့မည်ဖြစ်ကြောင်း ထပြောပြီး ကန့်ကွက်သဗျ ။ 

ဒါနဲ့ ကြံ့ခိုင်ရေးက မြန်မာစာ ပါမောက္ခအငြိမ်းစား အန်တီကြီးက ကျောင်း ဆရာဆိုတာ ဆရာရော၊ ဆရာမရော အကြုံးဝင်ပြီး ဖြစ်ကြောင်း၊ ဥပမာ ဝန်ကြီး ဟု သုံးနှုံး လိုက်ရင် အမျိုးသမီး ဝန်ကြီးကို "ဝန်ကြီးမ"ဟု သုံးစရာ မလိုကြောင်း မူလအဆို စာသား အတိုင်းထောက်ခံဆွေးနွေးပါတယ်။ 

ဒီလိုနဲ့ မဲခွဲကြပါလေရော၊ ကန့် ကွက်တဲ့သူ မတ်တပ်ရပ်ဆိုတော့ ဒီချုပ်ကလူတွေ ပထမ ၄ - ၅ ယောက်
လောက် မတ်တပ် ရပ်နေရာကနေ ခေါင်းဆောင်ကြီးပါ ထ ပါလေရော။ 

ဒါနဲ့ ကျန် ဒီချုပ်များလဲ အောင့်သက်သက်နဲ့ ထကြတာတွေ့ရတယ်။ မြတ်ဥာဏစိုးတို့တော့ မပါဘူးဗျ။ 

မဲအရေအတွက်အရ ကျောင်းဆရာဆိုတာ အတည်ဖြစ်ပြီး "ပညာသင်ကြားပို့ချသူ"ဆိုတာကြီးက အပယ်ခံ လိုက် ရသဗျ။ 

ကျနော် စဉ်းစားမိတာက ဘယ်လိုရွှေဥဏ်တော်စူးရောက်ပြီး ဒီလိုတွေးမိတာလဲ ဆိုတာကိုပါ။ 

ဒီလိုသာပြောကြစတမ်း ဆို ရင် ဆိုက်ကားဆရာကို ဆိုက်ကားဆရာ လို့ မခေါ်ပဲ ဘေးတွဲ ပါတဲ့ စက်ဘီးကို 
ခြေထောက်ကြီးနဲ့ နင်းသူလို့ ခေါ်ရတော့ မှာပေါ့။ 

ဒါဆို နိုင်ငံတော်သမ္မတ က အမျိုးသမီးဖြစ်ခဲ့ရင် ရော ဘယ်လိုခေါ်မလဲ။ အထီးနဲ့ အမ ခွဲပြောဆရာလို၊ မလိုပေါ့ဗျာ။ မုန့်ဆီကျော်က ဘယ်မှာနေလဲ မသိ ။ နှုတ်ခမ်းနာနဲ့ တည့် ပါ့မလားဆိုတာလို ဖြစ်မနေဘူး လားဗျာ။ 

တသက်လုံးကသုံး လာတဲ့ ကျောင်းဆရာ ဆို လူတိုင်းသိနေပြီးသားကြီးကို။ အထီး အမ မပါလို့ ဝေခွဲ မရဖြစ်နှိုင်၊ မဖြစ်နိုင် တွေးမိပုံကတော့ ။ 

ကျနော်ကတော့ မတွေးမိလို့ မျှဝေလိုက်ပါတယ်။ 


 ဦးလှဆွေ ( ဘူးလက်လှဆွေလို့ နာမည်ကြီးသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) 









Viewing all articles
Browse latest Browse all 5236

Trending Articles