Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆင်းမ်ကတ် အခမဲ့ ရမယ်

$
0
0
မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေ အခမဲ့ ရပါတော့မယ်။ 

ဒါကလည်း မကြာသေးခင်က အစိုးရ က WCDMA 800 MHZ ဆင်းမ်ကတ်တခုကို ကျပ်ငွေ ၁၅၀၀ နဲ့ လာမယ့် ဧပြီလ ၂၄ ရက်နေ့က စတင် ရောင်းချပေး တော့မယ်ဆိုတဲ့ အသိပေးချက်အပြီး ထွက်ပေါ်လာ တာပါ။ 



ကျပ် ၁၅၀၀ တန် မိုဘိုင်း တယ်လီဖုန်း ဆင်းမ်ကတ် ၃ သိန်းခွဲကို လစဉ် ရောင်းချပေးတော့မယ်ဆိုတဲ့ သတင်းကြောင့် မို ဘိုင်းဖုန်း သုံးစွဲလိုသူတွေသာမက တယ်လီဖုန်း ဟမ်းဆက် အရောင်းဆိုင်တွေလည်း ၀မ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။ 

အခု ဆင်းမ်ကတ် အခမဲ့ ရမယ့်နေရာကတော့ ကလေးမြို့က တယ်လီဖုန်း ဟမ်းဆက်ဆိုင်တဆိုင်မှာဖြစ်ပြီး ဟမ်းဆက် တလုံးဝယ်ရင် ဆင်းမ်ကတ် အခမဲ့ပေးမယ်လို့ ယနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထား ပါတယ်။ 

ကလေးမြို့က Over Sea တယ်လီဖုန်း ဟမ်းဆက်အရောင်းဆိုင် ပိုင်ရှင် ကိုထွေးက ကြေးမုံသတင်းစာ ကို ပြောတာမှာ တော့ ဆင်းမ်ကတ်တခုကို ကျပ် ၁၅၀၀ နဲ့ ရောင်းမယ့် အစီအစဉ်သကို အလွန်ဝမ်းသာ တယ်လို့ ဆိုပြီး သူ့ဆိုင်မှာ ဟမ်း ဆက် တလုံး ၀ယ်ယူသူတိုင်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆင်းမ်ကတ် တခု လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်တဲ့။ 

Over Sea တယ်လီဖုန်း ဆိုင်ဟာ ကလေးမြို့မှာ ထင်ရှားပြီး အင်တာနက်လိုင်းချိတ်ဆက်ပေးတာ၊ ဖုန်း ငွေဖြည့်ကတ် ရောင်းချပေးတာ၊ တယ်လီဖုန်း ဟမ်းဆက်ပြုပြင်တာစတဲ့ ၀န်ဆောင်မှုပေးနေတဲ့ ဆိုင်တဆိုင်လည်းဖြစ်တယ်လို့ ဆိုပါ တယ်။ 


အိမ့်သံစဉ် ~ 

Viewing all articles
Browse latest Browse all 5236

Trending Articles