Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အိမ်အိုဟောင်းကြီး အတွင်းက မယုံနိုင်ဖွယ် တွေ့ရှိမှု

$
0
0
အိမ်အိုအိမ်ဟောင်းကြီးတလုံးက ရွှေတွင်းကြီးတခုအဖြစ် ကံအလွန်ကောင်းသူ အမျိုးသား တဦး အတွက် 
ပြောင်းလဲသွားခဲ့ပါတယ်။ 

 ရှေးဟောင်း ရှားပါး တန်ဘိုးကြီး ကား ၁၈၀ လောက်ရှိတဲ့ လယ်တောအိမ်ကြီးနဲ့ ဂိုဒေါင်ကြီး

ဒီဖြစ်ရပ်က အင်တာနက်မှာ ဖော်ပြခဲ့တာ ကြာပြီဖြစ်ပေမယ့် တကယ့်ကို ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုလို့ ပြော ရ မလားပါဘဲ။ 

လူတယောက်က သူနဲ့ သူ့ဇနီး တို့အတွက် အပန်းဖြေအနားယူဖို့ ပေါ်တူဂီနိုင်ငံက လယ်တော အိမ်တလုံးကို ဝယ်ခဲ့တယ်။ အိမ်ကြီးမှာလည်း သော့ခတ်ထားရုံသာမက သံဂဟေတွေနဲ့ပိတ်ထားတဲ့ ဂိုဒေါင်ကြီးတခုက တွဲလျှက်ပါတယ်။ 

ကံကောင်းချင်တော့ အဲဒီ လယ်တောအိမ်ကြီးကို တကယ့်ကို မထင်မှတ်တဲ့ ဈေးချိုချိုနဲ့ ဝယ်ခဲ့တာလို့ ဆိုတယ်။ 

ဒါနဲ့ အိမ်ကြီးကို ဝယ်ပြီးလို့  ၁၅ နှစ်ကျော်ကြား သော့ခတ်ပြီး သံ ဂဟေ ဆက်ပိတ်ထားတဲ့ ဂိုဒေါင်ကို ဖွင့်လိုက် တဲ့အခါ…. 

အိမ်ကြီးရှင်ဖြစ်လာသူက မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီး အရမ်းကို ပျော်သွားတယ်။ 

ဂိုဒေါင်ကြီးထဲမှာ တွေ့လိုက်ရတာက တကယ့် နာမည်ကြီး Aston Martins၊ Mercedes နဲ့ မော်ဒယ်မျိုးစုံ Lotus ရှေးဟောင်း တန်ဘိုးကြီး ကားတွေ ဖြစ်ပါတယ်။ 

ရှေးဟောင်း ရှားပါး တန်ဘိုးကြီး ကား အစီရေပေါင်း ၁၈၀ ကျော်ကို ဂိုဒေါင်ထဲမှာ တွေ့ရပြီး ကားတွေက လည်း ဖုန်အလိမ်းလိမ်း တက်နေတယ်။ ကား တော်တော်များများကတော့ လမ်းပေါ် မောင်းလို့ ရတယ်။ 

ဒီရှေးဟောင်း တန်ဘိုးကြီး ကားတွေကို လေလံပစ်လိုက်မယ်ဆိုရင် ဗြိတိန်စတာလင်ပေါင် သန်းပေါင်းများ စွာ ရမှာ သေချာ တယ် လို့ ဆိုတယ်။ 

မူရင်း အိမ်ပိုင်ရှင်ဟာ ရှေးဟောင်း ကား ကောင်းတွေကို စုဆောင်းသူ တဦးဖြစ်ပါလိမ့်မယ်။ အမွေ ဆက်ခံ သူ မရှိလို အခုလို ဂိုဒေါင်ကြီးထဲ ဘာရှိမှန်းမသိဘဲ အဲဒီ အိမ်ကြီးကို လက်ဝယ်ရှိသူက ရောင်းလိုက်တာဖြစ်ပါ လိမ့်မယ်။ 

ဝယ်သူသွားသူ ပိုင်ရှင်သစ်ကတော့ ဒီကားတွေနဲ့တင် စတာလင်ပေါင် သန်းပေါင်းများစွာ ချမ်းသာသွားပါပြီ။ ဂိုဒေါင်ကြီးထဲကို ဧရာဝတီ ပရိသတ်လည်း တချက်လောက် ဝင်ကြည့်လို့ရပါတယ်။ အောက်က ဗွီဒီယိုကို ကြည့်လိုက်ပါ။

  


အိမ့်သံစဉ် ~ 














Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)