Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းလက်ရေးအလှပြိုင်ပွဲမှာ မြန်မာကျောင်းသားဗိုလ်စွဲ

$
0
0
 ~




ထိုင်းနိုင်ငံမှာ  ထိုင်းဘာသာနဲ့ လက်ရေးအလှပြိုင်ပွဲ ကျင်းပရာမှာ ပထမ ရရှိသွားတာက မြန်မာကလေးတဦးဖြစ်နေပါတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းတပုဒ်မှာ တွေ့ရပါတယ်။


အင်္ဂါနေ့မှာ ကျရောက်တဲ့ ထိုင်းအမျိုးသားဘာသာနေ့အထိမ်းအမှတ်အဖြစ် ကြေညာချက် ထုတ်ပြန်ရာမှာ သူ့နာမည် ထိပ်ဆုံးက ပါလာတာပါ။

နာမည်ကို Yasa လို ဖော်ပြထားပါတယ်။

ထိုင်းဘာသာရပ်ကို ကလေးတွေ လူငယ်တွေ တန်ဘိုးထားကြဖို့ ဆောင်ရွက်တဲ့ အနေနဲ့ ပြိုင်ပွဲ ကျင်းပခဲ့ခြင်းပါ။

 


ဒီကလေးက တတိယတန်း Grade 3 ကျောင်းသားဖြစ်တယ်၊ တာ့ခရိုင် ဇုန်အမှတ် ၂ ထဲက Arunmetha ကျောင်းမှာ တက်နေတယ်လို့ ဆိုတယ်။

မိဘများကတော့ တာ့ခရိုင် ဖုတ်ဖရမြို့မှာ အလုပ်လုပ်ကိုင်နေကြသူတွေပါ။

ဖုတ်ဖရ  ဆိုတာက ကရင်ပြည်နယ်တဘက်ကမ်းက မြို့လေးပါ။
မဲဆောက်-မြ၀တီမြို့တွေနဲ့ နီးပါတယ်။

ဒီကလေး Grade 1 စတက်တော့ အသက် ၁၀ နှစ် ရှိပါပြီ။ အဲဒီအချိန်တုန်းက ထိုင်းစာ သူ မရေးတတ်သေးဘူးလို့ ဆိုတယ်။
အခုတော့ ရေးတတ်ရုံတင်မက လက်ရေးအလှမှာ ထိပ်ရောက်နေတဲ့အတွက် သူ့အကြောင်း ထိုင်းမီဒီယာတွေမှာ  ရေးသားနေကြတာ တွေ့ရပါတယ်။


ကိုးကားချက် -  http://www.bangkokpost.com


အွန်လိုင်းတနေရာမှာ တွေ့ရတဲ့ ထိုင်းစာ။


 



.

Viewing all articles
Browse latest Browse all 5236

Trending Articles