Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဂျာမနီကို ဆင်းတဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ဘီးမှာ အလောင်းတွေ့

$
0
0
အမေရိကန် စစ်ဘက် ကုန်တင်လေယာဉ် ဟာကျူလီ လေယာဉ်ကြီးတစီးဟာ ဂျာမနီ နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဆင်းသက်စဉ်မှာ လေယာဉ်ဘီးမှာ လူငယ်တဦးရဲ့ အလောင်းကိုတွေ့ခဲ့ရတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ 

US Air Force C-130J Super Hercules
 အမေရိကန်စစ်လေယာဉ် C 130J၊ ဓာတ်ပုံ- အေအက်ဖ်ပီ
US Air Force C-130J Super Hercules
US Air Force C-130J Super Hercules
US Air Force C-130J Super Hercules

ဂျာမနီနိုင်ငံ ရမ်းစတိန်း လေကြောင်းအခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အမေရိကန်စစ်လေယာဉ် C 130J ဟာ လေယာဉ် ဆင်းသက်ပြီး လေယာဉ်ဘီးအတင်အချ လုပ်တဲ့နေရာမှာ အခုလို လူငယ်တဦးရဲ့ အလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အရာရှိကြီး တဦးဖြစ်တဲ့ John Kirby ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လူမည်း ဆယ်ကျော်သက် လူငယ်လေးဟာ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးသလို သူ ဘယ်အချိန်က ဘယ်နေရာက နေ လေယာဉ်ဘီးမှာ ခိုအောင်း လာခဲ့တယ်ဆိုတာလည်း သေချာ မသိရသေးပဲ စုံစမ်းနေဆဲ
ဖြစ် တယ်လို့ ကာဘီက ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
 
အခု အမေရိန်စစ်လေယာဉ်ကြီးဟာ ခရီးစဉ် အတွင်း အမေရိကန်ပြည်ထောင်စု အာဖရိက ကွပ်ကဲရေး နယ်မြေအတွင်းက နိုင်ငံတချို့မှာ ပျံသန်းရင်း ရပ်တန့်ခဲ့တယ်လို့ ကာဘီက ပြောပါတယ်။ ဒါပေမယ့် 
လေယာဉ်ရပ်ခဲ့တဲ့ နိုင်ငံအမည်တွေကို တော့ သူက မပြောခဲ့ပါဘူး။ 

 တလောကလည်း လူငယ်တဦးကလည်း လေယာဉ်ဘီး အတင်အချ လုပ်တဲ့ နေရာမှာ ခိုအောင် လိုက်ပါလာခဲ့ပါသေးတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ သူ အသက်ရှင်ခဲ့ပါတယ်။ အန္တရာယ်များတဲ့အခြေအနေမှာ သူ  ဘယ်လို အသက်ရှင်ခဲ့တယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။


အိမ့်သံစဉ် ~ 












Viewing all articles
Browse latest Browse all 5236

Trending Articles