Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၄၈ ဦး သေဆုံးတဲ့ ထိုင်ဝမ်လေယာဉ်ပျက်မှု နောက်ဆက်တွဲသတင်း

$
0
0
 ~





မနေ့ညက ထိုင်ဝမ်မှာ ခရီးသည်တင်လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာ ရရှိပါတယ်။
 


မနေ့ညက လေယာဉ်ပျက်နား တွေ့ရတဲ့ ကယ်ဆယ်ရေးလုပ်သားများ (Photo: Reuters)

လေပြင်းပြင်းတိုက်ခိုက်နေချိန် ကျွန်းကလေးတခုပေါ် ဆင်းသက်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းစဉ်မှာ ပျက်ကျသွားတာပါ။ ဒီအကြောင်း ဧရာဝတီအွန်လိုင်းသတင်း Relatives Fly to Taiwan Plane Crash Site, 48 Dead မှာ တွေ့ရပါတယ်။ မူရင်းသတင်းကို
http://www.irrawaddy.org/asia/relatives-fly-taiwan-plane-crash-site-48-dead.html  
မှာ ဖတ်နိုင်ပါတယ်။

ခရီးသည် ၂ ယောက်က ပြင်သစ်နိုင်ငံသားတွေ ဖြစ်တယ်၊ ကျန်တာတွေကတော့ ဒေသခံတွေဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးက သတင်းသမားတွေကို ပြောပါတယ်။
ထိုင်ဝမ်အစိုးရသတင်းဌာနကတော့ ဒီ ၂ ယောက်က  Jeromine Deramond နဲ့ Penelope Luternauer တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တခြားသတင်းတပုဒ်မှာတော့ ဒီ ၂ ယောက်ဟာ အသက် ၂၃ နှစ်အရွယ်တွေ ဖြစ်တယ်၊ ဆေးပညာဖလှယ်ရေးအစီအစဉ်နဲ့ ရောက်နေသူတွေ ဖြစ်တယ်လို့ အဲဒီမှာ ရှိတဲ့ ပြင်သစ်သံတမန်တွေကို ကိုးကားပြီး ရေးထားပါတယ်။

အခုရက်ပိုင်း တိုင်ဝမ်နဲ့ အနီးတ၀ိုက်မှာ တိုင်ဖွန်းမုန်တိုင်းတွေ တိုက်နေပါတယ်။
ဒါကြောင့် မိုးလည်း အသည်းအသန် ရွာပါတယ်။
လေကြီးမိုးကြီးတဲ့ ရာသီဥတု အခြေအနေကြောင့် မနေ့က အစောပိုင်း  ဖျက်လိုက်ရတဲ့ လေယာဉ်ခရီးစဉ်ပေါင်းက၂ဝဝ ဝန်းကျင်ပါ။

လေယာဉ်မှူးက လုပ်သက် ၂၂ နှစ် ရှိပြီ၊ တွဲဘက်လေယာဉ်မှူးကတော့ လုပ်သက် ၂နှစ်ခွဲ လို့ ဆိုပါတယ်။

TransAsia Airways လေကြောင်းလိုင်းကတော့ သေဆုံးသူတွေရဲ့ မိသားစုများကို လျော်ကြေးပေးမယ်လို့ ဆိုပါတယ်။
သေဆုံးသူတဦးအတွက် ကမ်းလှမ်းတဲ့ လျော်ကြေး ပမာဏက ဒေါ်လာ $6,600 ခန့် ဖြစ်ပါတယ်။ နာရေးစရိတ်အတွက် $27,000 ပေးမယ်လို့ ဆိုတယ်။ လေယာဉ်ပျက်ကျတဲ့ သတင်းကို http://blog.irrawaddy.org/2014/07/blog-post_26.htmlမှာ ဖတ်နိုင်ပါတယ်။
ဒီလေယာဉ် ဆင်းရခက်တဲ့အတွက် ဒုတိယအကြိမ်ဆင်းဖို့ ပြန်ကြိုးစားမယ် ဆိုတဲ့ သတင်းပို့ချက်ကို လေဆိပ်ထိန်းချုပ်မျှော်စင်က ည ၇း၀၆ နာရီမှာ ရပါတယ်။
ဒုအကြိမ် ထပ်ကြိုးစားရာမှာ မအောင်မြင်ဘဲ ပျက်ကျခြင်းပါ။

အဲဒီဖြစ်ရပ် မတိုင်ခင်လေးမှာ အဲဒီကွင်းထဲ လေယာဉ် ၂ စီး ဆင်းသက်အောင်မြင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပျက်ကျသွားတဲ့လေယာဉ်သက်တမ်းက ၁၄ နှစ် ရှိပါပြီ။
လေယာဉ်ဆင်းချိန် မိုးသည်းလွန်း၊ မြင်ကွင်း မှုန်ဝါးလွန်းဟန်တူတယ်လို့ မီးသတ်ဌာနကို ကိုးကားပြီး အစိုးရသတင်းမှာ ရေးပါတယ်။

လေကြောင်းလိုင်းညွှန်ချုပ်ကတော့ ဒီဖြစ်ရပ်မှာ သူတို့လေကြောင်းလိုင်းက တာဝန် လုံးဝ ရှိကြောင်း၊ တောင်းပန်ပါကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဆက်ရေးထားပါတယ်။



 



.

Viewing all articles
Browse latest Browse all 5236

Trending Articles