Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြင်သစ်ကို ထွက်ခွာ

$
0
0
ရာထူးက နုတ်ထွက်ပေးခဲ့ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်ဟာ မနေ့ညက သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ်ကြီးကနေ ပြင်သစ်နိုင်ငံကို သားဖြစ်သူနဲ့ အတူ ထွက်ခွာသွားခဲ့ပါတယ်။ 

 မစ္စယင်လတ်နဲ့ သူ့ကို ထောက်ခံသူတချို့ကို ဇွန်လဆန်းက တွေ့ရစဉ်၊ ဓာတ်ပုံ- မစ္စယင်လတ် ဖေ့စ်ဘုတ်

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယာယီထိန်းသိမ်းခံခဲ့ရပြီး ပြည်ပ ခရီးသွားလာခွင့် ပိတ်ပင်ခံထားခဲ့ရပေမယ့် လက်ရှိ NCPO အစိုးရအဖွဲ့က မစ္စယင်လတ်ကို အေးအေးဆေးဆေး နေလို့ ပြည်ပ ထွက်ခွာခွင့် ပေးလိုက်တာပါ။ 

သူ ဘယ်တော့ ပြန်လာမလဲ လို့ လေဆိပ်မှာ ရောက်နေတဲ့ သတင်းထောက် အုပ်ကြီးက မစ္စယင်လတ်ကို လှမ်းမေးလိုက်တဲ့အချိန်မှာ"ပထမဆုံးတော့ ကျမ အနားယူမယ်၊ ပြန်လာတော့မှ ဒီကိစ္စပြောတာပေါ့"လို့ 
ပြော သွား ပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ မစ္စယင်လတ်တယောက် အကိုဖြစ်သူ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ပွဲ တက်ရောက်ဖို့ ပြင်သစ်ကို သွားတာဖြစ်ပြီး ပြန်လာမှာ မဟုတ်ဘူး ဆိုတဲ့ ကောလဟာလတွေလည်း ဆက်တိုက် ပေါ်ထွက်လာနေပါတယ်။ 

တဖက်မှာလည်း မစ္စယင်လတ်ဟာ တရားရုံးမှာ ဆက်လက်ရင်ဆိုင်ရမယ့် တရားစွဲဆိုမှုတွေလည်း ရှိနေတာလည်း အကြောင်းတခုပါ။ 

ဘန်ကောက်ပို့စ်သတင်းအဆိုအရ မစ္စယင်လတ်ရဲ့ နီးစပ်သူတဦးကို ကိုးကားပြီး လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ထိုင်းကို ပြန်လာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

မစ္စယင်လတ်ရဲ့ ဥရောပခရီးစဉ်အတွင်းမှာ တခြား ဥရောပ နိုင်ငံတချို့ကို သွားမယ့် အစီအစဉ် လည်း ရှိပါတယ်။ 


အိမ့်သံစဉ် ~ 

 










Viewing all articles
Browse latest Browse all 5236

Trending Articles