Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မန္တလေးအကြောင်း လွမ်းအောင်ရေးတတ်တဲ့ဆူးငှက်ရဲ့ စာအုပ်သစ်

$
0
0
 ~

 

“အရင်က အက်ဆေးတွေကို ပြန်လည်ပြုပြင်ပြီး စကားလုံးအလှအပတွေနဲ့ ပြုလုပ်ထားတာပါ။ စိတ်ညစ်ညူးစရာတွေများနေတဲ့ အချိန်ကာလအကြည်ဓာတ်လေးတွေ ပြန်ဥပေးမယ့် ရသအက်ဆေး များနဲ့ ခံစားမှုပန်းချီ ပုံရိပ်များဖြစ်ပါတယ်”




စာပေဆုများရှင်စာရေးဆရာ ဆူးငှက်ရဲ့ ရွက်ကျင် မိုးစက်ပင်ထက်နှင်းပန်းပွင့် စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင် ၁ ရက် မနက် ၁၀ နာရီက မန္တလေးမြို့ ၆၂ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြား ရှမ်းယဉ်ယဉ် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ 

မန္တလေးအကြောင်း လွမ်းအောင်ရေးတတ်သူ စာရေးဆရာ ဆူးငှက်က ဒီစာအုပ်မှာဆိုရင် လည်း မန္တလေးပုံရိပ်၊ မန္တလေးအငွေ့အသက်၊ မန္တလေးနဲ့ ဆက်စပ်တဲ့ ခံစားမှုတွေကို ၁၂ လ ရာသီအလိုက် စကားလုံး အနုအလှစာသားအသန့်အခန့်တွေနဲ့ ကလောင်စွမ်းပြထားတာကို တွေ့ရသလို မြို့အလှနဲ့ ရှေးစာဆို တွေရဲ့ တေးကဗျာတွေကိုလည်း ပြန်လည်ဖော်ထုတ်ထားတာကို တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း ပန်းချီ မျိုးခင် (ထန်းရိပ်ညို) က“မန္တလေးအကြောင်း လွမ်းအောင်ရေးတတ်သူကို ဆရာဆူးငှက်အဖြစ် ပရိသတ်က အသိအမှတ်ပြုထားပြီး ဖြစ်သည်။ မန္တလေးမပါတဲ့ စာလေးတပုဒ်လောက် ရေးပါဦး ပြောရမတတ် မန္တလေးကို ချစ်တဲ့ စာရေးဆရာကို တချို့လူငယ်များက မန္တလေးယဉ်ကျေးမှု၏ နောက်ဆုံးခံတပ်ဟုလည်း ဆိုကြပြန်လေသည်” လို့ဆိုပြီး အမှာစာတပုဒ်နဲ့ ဂုဏ်ပြုပါတယ်။

ရသစာပေ အရေးအသားမှာ ကလောင်စွမ်းထက်လှတဲ့ စာရေးဆရာ ဆူးငှက်က ဒီစာအုပ်မှာ မြန်မာစာပေလောကမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာမှု ရသတွေကို ၁၂ လရာသီအလိုက် စကားပြေ ခံစားမှုစာညွန့်တွေနဲ့ ကလောင်စွမ်းပြထားသလို ဇနီးဖြစ်သူ ပန်းချီ K.T.ZIN ကလည်း ခင်ပွန်းဖြစ်သူရဲ့ စာတပုဒ် ချင်းစီအလိုက် ပန်းချီစုတ်ချက်တွေနဲ့ အားဖြည့်ပေးထားပြီး၊ သားဖြစ်သူ သူရိန်က ပန်းချီစုတ်ချက်တွေနဲ့ အားဖြည့်ပေးထားပြီး၊ သားဖြစ်သူ သူရိန်က မျက်နှာဖုံးနဲ့ အတွင်းဒီဇိုင်း ဖန်တီးပေးတာလို့ သိရပါတယ်။

အနုပညာ မိသားစုရဲ့ ဖန်တီးမှုအနုပညာလက်ရာ မိတ်ဆက်တဲ့ပွဲမှာ မန္တလေးမြို့ခံ စာပေရောင်းရင်းတွေ တက်ရောက်ဂုဏ်ပြုချီးမြှင့်ကြတာတွေ့ရပြီး၊ ပန်းချီ မျိုးခင် (ထန်းရိပ်ညို) နဲ့ စာရေးဆရာ သိုက်ထွန်းသက် တို့က မုဒိတာအမှာစကား အမှတ်တရ ပြောကြားပေးခဲ့ပါတယ်။

ဒီစာအုပ်မှာ ၁၂ လရာသီ ခံစားမှုပုံရိပ်တွေကို ရေးဖွဲ့ထားတဲ့ စကားပြေ ၂၇ ပုဒ်ပါဝင်ပြီး၊ ဒီစကားပြေတွေက အရင်က ရေးထားတာတွေကို စကားလုံး အနုအလှ၊ စာသားအသန့်အခန့်တွေနဲ့ ပြုလုပ်ထားတာလို့ သိရပါတယ်။

“အရင်က အက်ဆေးတွေကို ပြန်လည်ပြုပြင်ပြီး စကားလုံးအလှအပတွေနဲ့ ပြုလုပ်ထားတာပါ။ စိတ်ညစ်ညူးစရာတွေများနေတဲ့ အချိန်ကာလအကြည်ဓာတ်လေးတွေ ပြန်ဥပေးမယ့် ရသအက်ဆေး များနဲ့ ခံစားမှုပန်းချီ ပုံရိပ်များဖြစ်ပါတယ်”လို့ စာရေးဆရာ ဆူးငှက်က ဆိုပါတယ်။

ဒီစာအုပ်က ထန်းရိပ်ညို အနုပညာမြေ (ပြင်ဦးလွင်) ရဲ့ စာပေးခရီးအနုပညာစာစဉ် ၆ အုပ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

 


.

Viewing all articles
Browse latest Browse all 5236

Trending Articles