Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကြောင်လို အရေပြားနဲ့ မိန်းကလေး

$
0
0
တရုတ်နိုင်ငံက အသက် ၆ နှစ်အရွယ် မိန်းကလေးက ကြောင်တကောင်ရဲ့အဆင် အကွက်တွေလို သူ့ ခန္ဓာကိုယ်က အမည်းရောင် ကွက်တွေ ဖြစ်နေလို့ သူ့ကို ကြောင်မိန်းကလေးရယ်လို့ တင်စားရေးကြပါ တယ်။ 




သူ့နာမည်က Zhao Xinrui ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ကြောင်တကောင်လို အရေးပြားတွေက အမည်းကွက်
aတွဖြစ်နေ လို့ မိခင်ရဲ့ စွန့်ပစ်ခြင်း ခံရသူလေးပါ။ 

ဆရာဝန်တွေကလည်း သူ့အသက် ၅ နှစ်လောက်က တည်းက အရေပြားပေါ်က အမည်းကွက်တွေကို ဘယ်လို ကုစားနိုင်မလဲဆိုတာ ဆွေးနွေးတိုင်ပင်ခဲ့ကြတာလို့ သိရပါတယ်။ 

မိန်းကလေးငယ်ရဲ့ ကျောဘက်ကတော့ အမည်းကွက်ကြီးက တပြင်လုံး နီးပါးရှိပါတယ်။ မိန်းကလေးငယ်ရဲ့ မိသားစုတွေက စီချွမ်ပြည်နယ် လျူဂျိုမြို့အနီးက တရုတ်ချန်ရှန်ရွာမှာနေထိုင်ကြပါတယ်တဲ့။ 

မိန်းကလေးကို တခြား ကလေးငယ်တွေက ခွဲခြားဆက်ဆံခြင်းမပြုဖို့ မူကြိုကျောင်းက ဆရာ၊ ဆရာမတွေက အကူအညီပေးတဲ့အနေနဲ့ ဒါဟာ မှဲ့ ဖြစ်တယ်လို့ ပြောဆိုထားကြတာပါ။ 

မိန်းကလေးကတော့ သူ့ကို လူတွေက အကြည့်စူးစူးနဲ့ ကြည့်မှာကို အမြဲ ရှောင်ရှားနေထိုင်ရပါတယ်တဲ့။ အခုလို ဖြစ်ခဲတဲ့ အရေးပြားရောဂါကို ကုသဖို့ ငွေကြေး အခက်အခဲတော့ ရှိနေတာ သိရပါတယ်။ 

“ကံဆိုးလိုက်တဲ့သမီးလေးပါ” လို့ မိန်းကလေးရဲ့ ဖခင် အသက် ၄၅ နှစ်ရှိ Zhao Lai က ဆိုထားပါတယ်။ 

ပြီးတော့ ဖခင်ဖြစ်သူ Zhao Lai က သူနဲ့ သမီးဖြစ်သူ စွန့်ပစ်ခဲ့တဲ့ သူ့ဇနီးအကြောင်း ရင်နာနာနဲ့ပြန်ပြော
ပြရင်း သူတို့မှာ တချိန်က အသက် ၅ နှစ်မပြည့်လို့ ဆေးကုဖို့လည်း အချိန်မကျသေး၊ အခု မိန်းကလေး အသက် ၆ နှစ်ရှိပြန်တော့ ငွေ ကြေး အခက်အခဲနဲ့လည်း ရင်ဆိုင်နေရသေးတယ်လို့ ပြောပြထားပါတယ်။ 

အခုဓာတ်ပုံတွေကိုတော့ မိန်းကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ဆေးကုသရာမှာ မိသားစုရဲ့ အခက် အခဲတွေ ကို တစုံတရာ အကူအညီရလို့ရညား အနေနဲ့ ပကတိအတိုင်းပဲ အွန်လိုင်းပေါ် တင်ထားတာလို့ ဆိုထားပါတယ်။ 


အိမ့်သံစဉ် ~ 






















Viewing all articles
Browse latest Browse all 5236

Trending Articles