Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထူးအယ်လင်းနဲ့ အချစ်ရေးက ပြီးသွားပြီလို့ဆိုတဲ့ ကယ်ရိုလိုင်း

$
0
0
 ~

 ကယ်ရိုလိုင်း (Calroline)၊
၂၃နှစ်၊
B.A (Eco)၊ တောင်ကြီးတက္ကသိုလ်။



  • (ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ)

အခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေက ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးတယ်။ ဗီစီဒီသီချင်းတွေ ရိုက်ပေးဖြစ်တယ်။ သဲရဲ့တကိုယ်တော်ခွေအတွက် အသံသွင်းတာတွေ လုပ်နေတယ်။ သဲရဲ့ တကိုယ်တော်အခွေကို ၂၀၁၅မှာ ပရိသတ်လက်ထဲကို ပို့ပေးနိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းတွေကတော့ အမျိုးစားအစုံပါပဲ။

ငယ်ငယ်ကတည်းက၀ါသနာပါခဲ့တာက သီချင်းဆိုတာပါ။ မော်ဒယ်လ်အလုပ်ကတော့ အရင်ဆုံးလုပ်ဖြစ်သွားတာပါ။ သီချင်းဆိုတာက ဘုရားကျောင်းမှာရော ခရစ္စမတ်ပွဲတွေမှာလည်း ဆိုဖြစ်တယ်လေ။ မော်ဒယ်လုပ်ရင်းကနေ ဗီစီဒီရိုက်၊ သီချင်းတွေရိုက်ရင်းကနေ ကိုယ့်သီချင်းအခွေလေးပါ လုပ်မယ်ဆိုပြီး လုပ်နေတာပါ။

သဲနဲ့ အဆိုတော်ထူးအယ်လင်းကြိုက်သွားတာက သဲစိတ်ကို အလိုလိုက်ပြီး ဖြစ်သွားတာပါ။ အခုတော့ ဘာမှမဟုတ်တော့ပါဘူး၊ ဘာမှမရှိတော့ပါဘူး။ အမှန်တကယ်တော့ သူတို့အိမ်ထောင်ရေးကွဲတာ သုံးနှစ်ရှိပါပြီ။ သဲနဲ့က သဲမွေးနေ့ပြီးတဲ့အချိန် ၃၁၊ ၈၊ ၂၀၁၃ ပြီးမှ သူနဲ့တွေ့တာပါ။ ဒါပေမယ့် သဲရဲ့အချစ်ရေးက ပြီးသွားပါပြီ။ သဲကို ပရိသတ်သိသွားတာ အဆိုတော်နဲ့ကြိုက်လို့ သိသွားတယ်လို့တော့ ထင်တာပဲ။ အဲဒါနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ ဟြေစရာမရှိတော့ပါဘူး။

အခုလောလောဆယ်ဖြစ်ချင်တာ ဆိုရင် နာမည်ကြီးအဆိုတော်တယောက်ဖြစ်ချင်တယ်။ အခုရောက်နေတဲ့ လက်ရှိအနေအထားက ကိုယ့်ဘာသာကိုယ်ကြိုးစားခဲ့ရတာဆိုတော့ အဆိုဖက်ကိုလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ အမှန်တကယ်တော့ မော်ဒယ်လ်အလုပ်ကို နိုင်ငံခြားမော်ဒယ်တွေလို ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် သဲလုပ်တဲ့အချိန်က နောက်ကျနေပြီလေ။ ရှိုးပွဲအကြီးတွေ လာကမ်းလှမ်းရင်တော့ လျှောက်မှာပါ။

သဲက ဘ၀ကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တာကိုပဲ သဘောကျတယ်။ မိန်းကလေးတယောက်မှ မဟုတ်ပါဘူး။ ဘယ်သူမဆို လူဆိုတာ ဘ၀မှာ အကောင်းဆုံးတော့ နေထိုင်ချင်ကြတာပါပဲ။ ကြည့်တဲ့အမြင်ချင်း မတူကြတာပါ။ လူတယောက်ကို အ၀တ်အစားကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ သဲက မဟုတ်တာလည်း ဘယ်တော့မှမလုပ်ဘူး။ စိတ်ကိုချုပ်တည်းရတာကိုလည်း မကြိုက်ဘူး။

ဘ၀မှာ အဓိကကျတာတွေကတော့ ဟြေရရင် အများကြီးပါပဲ။ ဒါပေမယ့်  ဘ၀ရပ်တည်မှုအတွက် ငွေရေးကြေးရေးက အဓိကကျပါတယ်။ သဲဆိုရင် လက်တွဲခေါ်မယ့်သူမရှိတော့ ကိုယ်တိုင်ပဲကြိုးစားခဲ့ရတာပါ။ အခုလောလောဆယ်မှာ အနုပညာအလုပ်တွေကိုပဲ အာရုံစိုက်ပြီး လုပ်နေပါတယ်။ ကိုယ်အခုနေထိုင်ရတဲ့ဘ၀ကို အားရကျေနပ်မှုရှိတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလိုနေပြီး ဖြတ်သန်းနေရတဲ့ဘ၀ပါပဲ။

ဗဟုသုတအနေနဲ့တော့ သဲက စာသိပ်မဖတ်ဖြစ်ဘူး။ ဒါပေမယ့် တရားခွေတွေ နားထောင်တယ်။ စာဖတ်တာတော့ နည်းတယ်ဟြေနိုင်တယ်။ ကြုံတွေ့လာရတာတွေတော့ များပါတယ်။

သဲက ဘောလုံးကစားတာ ၀ါသနာပါတော့ ကစားခဲ့တယ်။ ကယားပြည်နယ်လက်ရွေးစင်အနေနဲ့ ကစားခဲ့တယ်။ တိုက်ကွမ်ဒိုကို မြန်မာ့လက်ရွေးစင်အထိ ရောက်ခဲ့တယ်။ ဘောလုံးကနေ တိုက်ကွမ်ဒိုဟြေင်းကစားခဲ့တယ်။ မြန်မာ့လက်ရွေးစင်ဟောင်းတယောက်အနေနဲ့ ၀န်ကြီးဌာနပွဲတွေဆိုရင်တော့ ပြိုင်မှာပါ။

အားကစားကို ထူးချွန်အောင် ထပ်မလုပ်ဖြစ်တာက မလေး သွားမယ့်နှစ်မှာ အရမ်းပင်ပန်းပြီး ရှော့ခ်ဖြစ်သွားလို့ ကြောက်ပြီး ကျန်းမာရေးကြောင့် နားလိုက်တာပါ။ မြန်မာ့လက်ရွေးစင်ဖြစ်ရတာ အရမ်းပင်ပန်းတယ်။ တရက်ကို Training လေးခါတောင် ဆင်းရတာလေ။ ကျန်းမာရေးအဆင်မပြေလို့ နားလိုက်ရတာပါ။

သဲရဲ့လူငယ်ဘ၀မှာ ကျေနပ်စရာတွေတော့များပါတယ်။ သဲဘ၀မှာ ကြိုးစားခဲ့ရတာတွေ များပါတယ်။ လူငယ်တွေအနေနဲ့ ဘ၀မှာကြိုးစားမှုဆိုတာက အများကြီးလိုအပ်ပါတယ်။ လူငယ်တယောက်အနေနဲ့ဇွဲရှိဖို့ရယ်၊ ကြိုးစားမှုရှိဖို့ရယ် လိုအပ်ပါတယ်။ အဓိကကတော့ လူတိုင်းမှာ ကြိုးစားမှုရှိဖို့လိုအပ်ပါတယ်။ အနုပညာအလုပ်မှာ ကံ၊ ဥာဏ်၊ စန်း၊ လုံ့လ၊ ၀ီရိယ အကုန်လိုအပ်ပါတယ်။ ပိုက်ဆံရှိလို့ အနုပညာအလုပ်လုပ်ပေမယ့် မပေါက်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ လူငယ်တွေအနေနဲ့ အလုပ်လုပ်မယ်ဆိုရင် အချိန်လေးစားမှု၊ ဘယ်အရာကိုမဆို လေးစားတဲ့စိတ်ရှိဖို့ လိုအပ်ပါတယ်။


 မြတ်သူအောင်


 

.

Viewing all articles
Browse latest Browse all 5236

Trending Articles