Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ချစ်သူနဲ့ တိုင်းပြည် .. ဘာကိုရွေးမလဲ ?

$
0
0
ချစ်သူနဲ့ တိုင်းပြည် .. ဒီနှစ်ခုအကြား ရွေးရခက်၊ ဗျာများနေကြရသူတွေကတော့ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ အမေရိကန်နိုင်ငံသား လိင်တူချစ်သူတွေပါပဲ။  
သမတအိုဘားမားက အမေရိကန်နိုင်ငံမှာ လိင်တူချစ်သူတွေ လက်ထပ်ခွင့်ပေးလိုက်ပြီးတဲ့နောက် အမေရိကန် လိင်တူချစ်သူစုံတွဲတွေအဖို့ အချစ်နဲ့ တိုင်းပြည် တခုခုကို ပြတ်သားတဲ့ ရွေးချယ်မှုတွေ လုပ်ရပါတော့မယ်။ 

အမေရိကန်နိုင်ငံရဲ့ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေသတွေအရ အမေရိကန်နိုင်ငံသားတယောက်ဟာ အခြားနိုင်ငံသားတယောက်နဲ့ လက်ထပ်ထိမ်းမြားခဲ့ရင် အဲ့ဒီအခြားနိုင်ငံသားကို အမေရိကန်နိုင်ငံမှာနေထိုင်ဖို့ ဖိတ်ခေါ်ခွင့်၊ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်တွေ ရကြပါတယ်။ 

ဒါပေမယ့် လိင်တူချစ်သူစုံတွဲတွေကိုတော့ ၁၉၉၆ ဖက်ဒရယ် ဥပဒေက ဒီလိုအခွင့်အရေးကနေ ပိတ်ပင်ထားပါတယ်။ နိုင်ငံခြားသားနဲ့ ချစ်ခင်စုံမက် လက်ထပ်ကြတဲ့ အမေရိကန်လိင်တူချစ်သူတွေဟာ ဥပဒေကိုလည်း မလွန်ဆန်နိုင်၊ ရေမြေခြားက ချစ်သူနဲ့လည်း မခွဲခွာနိုင်ကြတဲ့အတွက် အမေရိကန်နိုင်ငံကနေထွက်ခွာသွားတဲ့လမ်းကိုပဲ ရွေးချယ်လာကြပါတယ်။ 

 ဗြိတိန်နိုင်ငံသား Benn Storeyနဲ့ ချစ်ခင်စုံမက်နေတဲ့ အမေရိကန် လိင်တူချစ်သူတဦးဖြစ်တဲ့ Brandon Perlberg ဟာ ချစ်သူနဲ့နီးစပ်ရဖို့အရေးအတွက် ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးပေမယ့် ဗြိတိန်နိုင်ငံကို အပြီးအပိုင် ပြောင်းရွှေ့သွားခဲ့ရတဲ့အကြောင်း၊ ဒီလိုမှ မလုပ်ရင် သူတို့စုံတွဲဟာ ခွဲခွာကြရမှာဖြစ်တဲ့အကြောင်းတွေကို အမေရိကန် ရုပ်သံသတင်းဌာနကြီးတခုဖြစ်တဲ့ CNN ရဲ့ သတင်းထောက် Amanpour က တင်ပြထားပါတယ်။ 

အမေရိကန်နိုင်ငံသား Brandon ဟာ သူ့ချစ်သူနဲ့ နယူးယောက်မှာ ၇ နှစ်တာ နေထိုင်ခဲ့ပြီးဖြစ်ပေမယ့် သူ့ချစ်သူကို အမေရိကန်နိုင်ငံသားအဖြစ် လျှောက်ထားတဲ့အခါမှာတော့ အခက်အခဲတွေ ကြုံခဲ့ရပြီး သူတို့စုံတွဲ ခွဲခွာရမယ့်အရေးတွေကို မြင်နေရတဲ့အတွက် အခုလို ဗြိတိန်နိုင်ငံကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတယ်၊ ဒီလိုဖြစ်တဲ့အတွက် တိုင်းပြည်အပေါ်ထားတဲ့ သူ့စိတ်တွေ ရှုပ်ထွေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဗြိတိန်နိုင်ငံကတော့ သူ့ရဲ့နိုင်ငံသား လိင်တူချစ်သူတွေရဲ့ လက်တွဲဖော်တွေကို နိုင်ငံကို ဖိတ်ခေါ်နေထိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်တွေ ပေးထားတယ်လို့ ဆိုပါတယ်။

အပြည့်အစုံကို မူရင်း - http://amanpour.blogs.cnn.com/2013/02/22/gay-americans-forced-to-choose-between-love-and-country/?hpt=hp_t4 – မှာ ကြည့်ရှုနိုင်ပါတယ်။

Viewing all articles
Browse latest Browse all 5236

Trending Articles