Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မှော်ဆရာလေး ဖြိုးငွေစိုး

$
0
0
 ~





ADMD မီဒီယာက အခုလမှာ စတင် ရိုက်ကူးမယ့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဖြိုးငွေစိုးက မှော်ဆရာဇာတ်ရုပ်ကနေ ပါဝင်သွားမှာဖြစ်တယ်လို့ အလင်းတန်းဂျာနယ်သို့ ပြောပါတယ်။

 


“ကျွန်တော့်အနေနဲ့ ဒီဇာတ်ရုပ်ကို ပထမဆုံး သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်းရဲ့သဘောက ပျူခေတ်ထက်စောတဲ့ ခေတ်ကာလတစ်ခု ဆိုတော့ ကိုယ့်ဘာသာပြင်ဆင်လို့ မရဘူး။
ဆံပင်၊ ဖိနပ်၊ အင်္ကျီပုံစံတွေကအစ အားလုံးကို စီစဉ်ပေးထားတယ်။
ထိုင်းနဲ့ပေါင်းလုပ်တာ ဆိုတော့လည်း သူတို့ဘက်က ကူညီပံ့ပိုးမှုတွေ ရှိတယ်။
ဒီဇာတ်ကားမှာ ပါဝင်ဖြစ်သွားတာ ADMD က အကူအညီတောင်းလို့ပါ။
သူတို့နဲ့က သူငယ်ချင်းတွေလည်း ဖြစ်တော့ စ,ထောင်ကတည်းက ပရိုဂရမ်တော်တော်များများမှာ ပါဝင်ဖြစ်ပါတယ်” လို့ သရုပ်ဆောင် ဖြိုးငွေစိုးက ပြောပါတယ်။

“မှော်ဆရာဇာတ်ရုပ်ကို ပထမဆုံးသရုပ်ဆောင်ရတဲ့ ခံစားချက်ကို ပြောပါဆိုရင် နည်းနည်းတော့ တိုင်ပတ်တယ်။
တစ်ဖက်ကလည်း အချိန်ကာလကို အတိအကျ မှန်းလို့မရ၊ သတ်မှတ်ချက်ဘောင်တွေလည်း မရှိတော့ လွတ်လပ်တယ်။
ဒီဇာတ်ကားမှာ မင်းသားလေးယောက်လုံး လုပ်ကွက်ရတာချင်း ညီမျှမှုရှိသလား ဆိုရင် ကျွန်တော်က ဒါတွေတွေးမနေတော့ဘူး။
ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်လေးလည်းဖြစ်နေတော့ လက်ခံလိုက်တယ်။
ကျန်တဲ့ကိစ္စက သိပ်ပြဿနာ မရှိဘူး။
ဇာတ်လမ်းသဘောအရ ရာခိုင်နှုန်းနဲ့ပြောမယ် ဆိုရင် ဟိုဘက်ခေတ်က ၇၀ ရာခိုင်နှုန်း၊ မင်းသားလေးယောက်လုံး ဟိုဘက်ခေတ်မှာ ပါတယ်” လို့ ဖြိုးငွေစိုးက ဆိုတယ်။

ထူးခြားသစ်
 အလင်းတန်းဂျာနယ် အမှတ် ၈၁၂

အလင်းတန်းဂျာနယ်က ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးတဲ့သတင်းမှာတော့ ပါဝင်တဲ့ မင်းသားလေးယောက်ကမင့်မြတ်၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ထွန်းထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles