Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရင်လတ်ရှင်နာဝပ် Facebook ပြန်သုံးပြီ

$
0
0
 ~




ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လတ်ရှင်နာဝပ်ရဲ့ Facebook စာမျက်နှာမှာ တလနီးပါးကြား ဘာမှ အသစ်မတင် အသစ်မရေးဘဲ ထားရာကနေ ဒီကနေ့သောကြာနေ့မှာတော့ ပုံတွေ စာတွေ ပြန်တင်နေပါပြီ။


ရေးတဲ့ အကြောင်းအရာကတော့   ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့လုပ်ရပ်ဟာ မျှတမှန်ကန်မှုမရှိဘူး ဆိုတဲ့ ဝေဖန်ချက်ပါ။

ထိုင်းဘာသာနဲ့ စာရှည်ကြီးတစောင် တင်ထားတာလည်း တွေ့ရပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ သူ့ရဲ့ကြေညာချက် ဖြစ်ဖွယ်ရှိပါတယ်။

 ကြာသပတေးနေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်ဟောင်းအပေါ် စွဲဆိုထားချက်များကို
အလေးထားကိုင်တွယ်သွားမယ့်သဘော ထုတ်ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့အစိုးရလက်ထက်မှာတုန်းက ဆန်စပါးဝယ်ယူရေးလုပ်ငန်းရပ်တွေမှာ ဒေါ်လာဘီလျံချီတဲ့ ငွေကြေးအရှုပ်အရှင်းဖြစ်ခဲ့တယ်လို့ ဆိုတယ်။

လယ်သမားတွေကို ပေါက်ဈေးထက် ပိုပေးခဲ့တယ်၊ ဒီနည်းနဲ့ သူတို့အစိုးရအဖွဲ့ လူကြိုက်များအောင်လုပ်ခဲ့တယ်၊ အကဲခတ်သမားတွေကလည်း ဒါဟာ နယ်ဘက်တွေမှာ မဲရရှိအောင်လုပ်တဲ့ နည်းနာတွေပဲလို့ ထောက်ပြပါတယ် တဲ့ ... Reuters သတင်းတပုဒ်မှာ အဲဒီလို တွေ့ပါတယ်။

အရှုံးကြီးတဲ့အပြင် ရောင်းမကုန်တဲ့ဆန်တွေ ဈေးကွက်ထဲ ပုံနေခဲ့တယ်လို့လည်း ဆိုပါတယ်။

ရာထူးက ဖယ်ရှားခံရပြီး ပထမဆုံးအကြိမ် သတင်းသမားတို့နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးချုပ်ဟောင်းက ကော်မရှင်ဟာ သူ့ကို ခုခံချေပခွင့် လုံလုံလောက်လောက် မပေးဘူးလို့ ပြောပါတယ်။

ပြီးတော့ ... အထောက်အထားတွေ ပေးပို့ခဲ့ပေမယ့် ကော်မရှင်က လက်မခံခဲ့ဘူးလို့လည်း ပြောပါတယ်။
ဆန်ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို အပြစ်ဖို့ခြင်းဟာ မှားနေပါတယ် တဲ့။

ဒီကိစ္စ တရားရုံးရောက်မယ်၊ ပြီးတော့ သူ အပြစ်ရှိတယ်ဆိုပြီး စစ်ဆေး တွေ့ရှိခဲ့ရင်တော့ ရင်လတ်ရှင်နာဝပ် ထောင်ကျမယ်ဆိုပြီး သတင်းမှာ ရေးထားတာပါ။

သူကတော့ အခု ဥရောပကို သွားနေပါပြီ။
ပြည်တော်ပြန်လာမယ်လို့လည်း ပြောပါတယ်။
သူ့ရဲ့ ခရီးစဉ်ဟာ ကော်မရှင်ရဲ့ကြေညာချက် မတိုင်ခင် ကတည်းက စီစဉ်ထားတာပါလို့ သူက ရှင်းပြပါတယ် တဲ့။

သူ့အစ်ကိုနဲ့ သူနဲ့ အဖြစ်အပျက်တချို့ တူနေပါတယ်။
၁။ ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတယ်။ ပြီးတော့ ပြုတ်တယ်။
၂။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပ ထွက်တယ်။

သူ့အစ်ကိုက ပြည်ပမှာ သောင်တင်တယ်။
အခု ပြည်ပထွက်သွားတဲ့
ရင်လတ်ရှင်နာဝပ် ကရော ပြည်ပမှာ သောင်တင်ဦးမှာလား၊ ပြန်လာမှာလား။
ပြန်လာရဲမယ်မဟုတ်ဘူး လို့ တချို့က ယူဆပါတယ်။
သူကတော့ ပြန်လာမယ်လို့ သေချာပေါက် ပြောပါတယ်။

အိမ်နီးချင်းထိုင်းရဲ့ နိုင်ငံရေး သောင်မတင်ရေမကျမှုကလည်း စိတ်ဝင်စားစရာပါပဲ။

ဆိုခဲ့သလိုပဲ...

ရင်လတ်ရှင်နာဝပ်က  ဖေ့စ်ဘုတ် ပြန်သုံးပါပြီ။

သူ့ရဲ့ ဥရောပခရီးစဉ် မြင်ကွင်းတွေကိုလည်း တင်ကောင်း တင်ပါလိမ့်မယ်။
ဒီနေ့တော့ သူ့ဖေ့စ်ဘုတ်ရဲ့ပင်မစာမျက်နှာမျက်နှာဖုံးပုံသစ် ပြောင်းတယ်၊ ပုံတချို့ တင်တယ်၊ ထုတ်ပြန်ကြေညာချက်ကို တင်ပါတယ်။
https://www.facebook.com/Y.Shinawatraဆိုတဲ့ သူ့ရဲ့ စာမျက်နှာကို like လုပ်ထားသူပေါင်း ၃၃ သိန်း ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

  • ဆက်စပ်
http://blog.irrawaddy.org/2014/07/blog-post_511.html
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြည်ပ ထွက်ခွင့်ရ
 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles