Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှားလေယာဉ် ရုရှားလုပ် BUK ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရ

$
0
0
 ~

 

မလေးရှားခရီးသည်တင်လေယာဉ်ကို ရုရှားလုပ် BUK အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ခတ် ခဲ့တာဖြစ်တယ်လို့ အနောက်နိုင်ငံများမှာ အခြေစိုက်တဲ့ စစ်ဖက်ကျွမ်းကျင်ပညာရှင်တွေကတော့ ဆိုနေပါပြီ။


  • (RIA Novosti / Aleksey Kudenko)


အခုပစ်ချခံရတဲ့ ဘိုးရင်း ၇၇၇ အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ ခရီးသည် ၂၈၃ ဦးနဲ့ လေယာဉ် အမှုထမ်း ၁၅ ဦးကို တင်ဆောင်ပြီး၊ အမြင့်ပေ ၃၀,၀၀၀ ကျော်ကနေ ပျံသန်းခဲ့ခြင်းပါ။

လန်ဒန်မှာအခြေစိုက်တဲ့ Royal United Services Instituteက ရုရှား စစ်ဖက်ရေးရာကျွမ်းကျင်သူ အိုင်ဂေါ ဆာယာဂင်ကတော့ အခုပစ်ချမှုဟာ ယူကရိန်းအရှေ့ပိုင်းမှာ လှုပ်ရှားနေတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ မဟုတ်ရင် ရုရှားတွေက ပစ်ချတာပဲ၊ ဒါကြောင့် သူတို့မှာတာဝန်ရှိတယ်လို့ တထစ်ချယုံကြည် တယ်ဆိုပြီး The Guardian သတင်းစာကြီးကို ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတည်းက ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေးသမားတွေ သို့မဟုတ် ရုရှားစစ်တပ်တွေ ကိုယ်တိုင် ယူကရိန်း အရှေ့ပိုင်းမှာ ပျံသန်းနေတဲ့ ယူကရိန်း အင်တိုနော့ အမျိုးအစား ကုန်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ဆူခွိုင်း အမျိုးအစား SU 25 ယူကရိန်း တိုက်လေယာဉ်ကိုလည်း ရုရှားလုပ် ဒုံးကျည်နဲပစ်ခတ်ခံရလို့ ပျက်ကျသွားခဲ့ပါသေးတယ်။

Gizzly လို့ နေတိုးက အမည်ပေးထားတဲ့ BUK အမျိုးအစား ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကို ဆိုဗီယက်ခေတ်က စတင်တီထွင်ခဲ့တာဖြစ်ပြီး၊ BUK M1၊ BUK M2၊ BUK M 3များ ထပ်ဆင့် အဆင့်မြှင်ဆန်း သစ်ထားတာဖြစ်ပါတယ်။
 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ