Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမေရိကန်သံအမတ်အိမ်မှာလုပ်တဲ့ မွတ်စလင်ဥပုသ်လဝါဖြေပွဲ

$
0
0
 ~





ရန်ကုန်မြို့ အမေရိကန်သံအမတ်က သူ့အိမ်မှာ ဘာသာအသီးသီးက ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အသီးသီးက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး မွတ်စလင်ဥပုသ်လ၀ါဖြေပွဲပြုလုပ်ခဲ့ကြောင်း အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြာသပတေးနေ့က ရေးပါတယ်။

ပုံတွေမှာတော့  ဘာသာပေါင်းစုံက ဧည့်သည်တော်များကို တွေ့ရမှာပါ။

ဘာသာအသီးသီး အတူတကွ ရှိနေကြတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ အရေးကြီးတဲ့အတွက် ဒီလို အစီအစဉ်က အင်မတန် ကောင်းမွန်လှပါတယ်။
တွေ့ဆုံပွဲမှာ သံအမတ်က ငြိမ်းချမ်းရေး၊ သာတူညီမျှမှု၊ တရားမျှတမှု၊ မေတ္တာရှေ့ထားမှုတွေဟာ ဘာသာတရားတိုင်း မျှဝေကြတဲ့ တန်ဘိုးတွေပဲဖြစ်တယ် ဆိုတာကို  အလေးအနက်ထား ပြောသွားတာပါ။
သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီပွဲအကြောင်း နဲ့ ဓာတ်ပုံတွေ တင်လိုက်တာ စာဖတ်ပရိသတ်အများအပြားက လက်ဆင့်ကမ်း ဖတ်ရှုနေကြတာ တွေ့ရပါတယ်။



 

.

Viewing all articles
Browse latest Browse all 5236

Trending Articles