Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှား လေကြောင်းလိုင်း MH 17 ယူကရိန်းမှာ ပစ်ချခံရ

$
0
0
မလေးရှားလေကြောင်းလိုင်းက နယ်သာလန်နိုင်ငံ အမ်စတာ ဒမ်လေဆိပ်က နေ ကွာလာလမ်ပူကို ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၅ ဦး တင်ဆောင်ပျံသန်းလာတဲ့ ဘိုရင်း ၇၇၇ MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ဘက်နားမှာ အမြင့်ပေ ၃ သောင်း ကျော်က မနေ့ညပိုင်းက ပျံသန်းနေစဉ် မြေပြင် က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချလို့ ပျက်ကျသွားခဲ့ပါတယ်။ 




လေယာဉ်ပေါ် လိုက်ပါလာသူ အားလုံး လည်း အသက်ဆုံးရှုံးသွားခဲ့ကြပါတယ်။
မလေးရှားလေယာဉ် ပျက်ကျခဲ့ရတာနဲ့ပတ်သက်ပြီး ယူကရိန်း စစ်တပ်နဲ့ ရုရှားလိုလားသူ ယူကရိန်း သူပုန်တွေက ကြား လေယာဉ်ကို ပစ်ချခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ 

ယူကရိန်း အစိုးရကတော့ အကြမ်းဖက်သမားတွေက လေယာဉ်ကို ပစ်ချတာလို့ ပြောပါတယ်။ 

လေယာဉ်ပေါ် ပါသွားသူတွေအတွက် ဒတ်ခ်ျနဲ့ မလေးရှားတို့မှာလည်း ဆုတောင်းပွဲတွေ လုပ်နေကြပါပြီ။ အမေရိကန်သမ္မတ၊ ရုရှားသမ္မတ နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း အသီးသီး လေယာဉ် ပျက်ကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၀မ်းနည်းကြောင်းစကားတွေ ပြောကြပါတယ်။ 

မလေးရှားလေကြောင်းလိုင်းရဲ့ MH 370 လေယာဉ်တစင်းကလည်း မကြာသေးခင်က ပျောက်ဆုံးသွားခဲ့ တာ အခုထိ အစအန မရသေးပါဘူး။  

အိမ့်သံစဉ် ~












Viewing all articles
Browse latest Browse all 5236

Trending Articles