Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နယူးယောက်တိုင်းမ် အယ်ဒီတာ့အာဘော်က ပြောတဲ့ မြန်မာအစိုးရ

$
0
0
မြန်မာနိုင်ငံသည် ဒီမိုကရေစီမှ သွေဖီသည့် ဧရာမ ခြေလှမ်းကြီးတခုကို လှမ်းခဲ့ကြောင်း အမေရိကန်
ပြည်ထောင်စုတွင် အလွန် သြဇာ တိက္ကမကြီးမားသော သတင်းဌာနကြီးတခုဖြစ်သည့် The New York Times ၏ ဇူလိုင်လ ၁၆ ရက်နေ့က အယ်ဒီတာ့အာဘော်တွင် ရေးသား ဖော်ပြလိုက်သည်။ 


မြန်မာအစိုးရက နှစ်ခြိုက်သဘောမကျသည့်သတင်းရေးသားသည့် ယူနီတီ ဂျာနယ်သတင်းသမား ၅ ဦးကို အလုပ် ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် ထိုကဲ့သို့ နယူးယောက်တိုင်းမ် သတင်းအယ်ဒီတာ အဖွဲ့က ရေးသားခြင်းဖြစ်သည်။ 

ယူနီတီ အပတ်စဉ်ထုတ် ဂျာနယ်က လွန်ခဲ့သည့်ဇန်န၀ါရီလက ဓာတုလက်နက်စက်ရုံတခု တည်ဆောက်နေ သည်ဟု သတင်းဖော်ပြမှုသည် နိုင်ငံတော်လျှို့ဝက်ချက်ပေါက်ကြားမှုဖြစ်သည်ဟု သတင်းသမားများကို စွပ်စွဲပြီး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ ချမှတ်ခြင်းဖြစ်သည်။ အစိုးရက ဂျာနယ်၏ ရေးသားချက်ကို မမှန်ကန်ကြောင်းလည်း ငြင်းဆိုခဲ့သည်။ 

ဆယ်စုနှစ် ၅ ခုကျော် စစ်အာဏာရှင် လက်အောက်တွင် ရှိခဲ့သည့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့် စတင်ခွင့်ပြုခဲ့သည့်အနေဖြင့် နှစ်
ပေါင်း ၄၀ ကျော်ကြာမီဒီ ယာကို ထိမ်းချုပ်ထားခဲ့သည့် ဆင်ဆာဘုတ်အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး သတင်းသမား လွတ်လပ်ခွင့် ပေးကာ သတင်း မီဒီယာ အခန်းကဏ္ဍသစ်ဖွင့်လှစ်ခဲ့သည်။ 

ယခုအခါ မြန်မာအစိုးရသည် သတင်းသမားများ၏ သတင်းပို့ချက်အပေါ် ပြင်းထန်သည့် ပြစ်ဒဏ်ပေးခဲ့ခြင်း သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် အယ်ဒီတာ့အာဘော်က ဆိုသည်။ 

အဆိုပါ နယူးယောက်တိုင်းမ်၏ အယ်ဒီတာ့အာဘော် အပြည့်အစုံကို ဤနေရာမှတဆင့် ဖတ်ရှုနိုင်ပါသည်။ 



လင်းသန့် ~ 










Viewing all articles
Browse latest Browse all 5236

Trending Articles