~
![]()
ဒဂုံတက္ကသိုလ်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအကြောင်း တယ်လီနောမြန်မာရဲ့ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
“ဥာဏ်အလင်းရောင်ဖြန့်ချိ အင်တာနက်မှသည်”
တယ်လီနော Myanmar ၏ ပဉ္စမအကြိမ်မြောက် Net Monday @ ဒဂုံတက္ကသိုလ်
Teleor Myanmar သည် ၎င်း၏ ပဉ္စမအကြိမ်မြောက် Net Monday အစီအစဉ်ကို ဒဂုံတက္ကသိုလ်တွင် Wikipedia Myanmar မှ ဖိတ်ကြားထားသူများဖြင့် ကျင်းပခဲ့ပါသည်။
ဤကဲ့သို့သော ပွဲမျိုးကို ဒဂုံတက္ကသိုလ်တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး “ဥာဏ်အလင်းရောင်ဖြန့်ချိ အင်တာနက်မှသည်” ဟူသော ခေါင်းစဉ်ကို ဦးစားပေး ဆွေးနွေးခဲ့ပါသည်။
ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ စုစုပေါင်း ၂,၁၀၀ ကျော်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် သင်ကြားမှုအထောက်အကူပြုပြီး ပညာရေးအဆင့်မြှင့်တင်ရာတွင် အရေးပါသော နေရာမှ ပါဝင်သည့်
အင်တာနက်ချိတ်ဆက်မှုကို သိရှိနားလည်နိုင်ရန် ဦးတည်ဆွေးနွေးခဲ့ပါသည်။
ယခုလအတွက် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားထားသူများမှာ တယ်လီနော Myanmar၏ လက်တွဲဖော်ဖြစ်သော Wikipedia Myanmarဖြစ်ပါသည်။
Wikipedia သည် ကမ္ဘာ့အကြီးမားဆုံး အွန်လိုင်း စွယ်ဇုံကျမ်းဖြစ်ပြီး လုပ်အားပေးစာရေးသူ သန်း ၃၀ ကျော်နှင့် ဘာသာစကား ၂၈၇ မျိုး ပါဝင်ပါသည်။
Wikipedia ကို လစဉ်ကြည့်ရှုသူ သန်းပေါင်း ၄၉၀ ကျော်ရှိသည့်အတွက် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အင်တာနက်စာမျက်နှာတစ်ခု ဖြစ်ပါသည်။
ယခုအစီအစဉ်တွင် အောက်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
# အင်တာနက်ချိတ်ဆက်မှုကို အသုံးပြု၍ သင်ယူမှု၊ ဥာဏ်ပညာဗဟုသုတတို့ကို မြှင့်တင်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသားများ ဗဟုသုတရှာဖွေရာတွင် လွယ်ကူလာစေပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းလာစေရန် အတွက် ဆောင်ရွက်မှု
# တယ်လီနောနှင့် Wikimedia Foundationတို့ပူးပေါင်းကာ Wikipedia Zero စီမံကိန်းဆောင်ရွက်မှု နှင့် ၄င်းမှတဆင့် ပြည်တွင်း content ဖန်တီးမှု၊ အသိပညာဗဟုသုတများ အလွယ်တကူရှာဖွေနိုင်မှု နှင့် အင်တာနက်ပေါ်တွင် လေ့လာသင်ယူမှုတို့ကို အားပေးမှု
# မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အင်တာနက်ချိတ်ဆက်မှုမြင့်မားလာခြင်းကြောင့် ရရှိနိုင်မည့် လူမှုစီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ
# မြန်မာပြည်မှ အင်တာနက်အသုံးပြုသူများက မှန်ကန်ပြီး အမျိုးအစားများစွာပါဝင်သည့် ဆောင်းပါးများကို ပြည်တွင်းဘာသာစကားဖြင့်ရေးသားကာ ပြန်လည်ကူညီထောက်ပံ့မှု
# အင်တာနက်ထိုးဖောက်မှု နေရာအနှံ့ရရှိနိုင်ရေး
# သမားရိုးကျ စွယ်စုံကျမ်းများနှင့် မတူဘဲ အချိန်နှင့် တပြိုက်နက် updateပြုလုပ်နိုင်သော Wikipedia
# Wikipedia Myanmar၏ သမိုင်းကြောင်း၊ စီမံခန့်ခွဲသူ ၅ ဦး၊ လုပ်အားပေး စာရေးသားသူ ၆၆ ဦး၊ ဆောင်းပါး ၃၁၉၉၁၊ ၄၇၁၂၄ ကြိမ်ပြန်လည်ပြင်ဆင်မှု၊
ဓာတ်ပုံ ၃၇၃၀ ပုံ နှင့် အသုံးပြုသူ ၂၃၁၄၃ ဦး လက်ရှိတွင် တည်ရှိ
# ဘက်မလိုက်ဘဲ အသုံးဝင်သည့် အချက်အလက်များကို တိတိကျကျရေးသားနိုင်ရန် ဆောင်ရွက်ထားသည့် ကိုးကားချက် အကြောင်းအရာများ
# တယ်လီနော၏ Wikipedia Myanmar အတွက် ၄င်း၏ဝန်ထမ်းများမှ တက်ကြွစွာပါဝင်ဆောင်ရွက်မှု
# အင်္ဂလိပ်ဗားရှင်းတွင် ရှာဖွေ၍မရရှိနိုင်သော မြန်မာနှင့် ပတ်သက်သည့် အကြောင်းအရာမျာကို မြန်မာ Wiki တွင် ရှာဖွေတွေ့ရှိနိုင်မှု
တယ်လီနော နှင့် Wikimedia Foundationတို့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် Wikipedia Zeroဖြင့် တယ်လီနောအသုံးပြုသူများကို ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း ကြေငြာ ခဲ့ပါ သည်။မြန်မာနိုင်ငံရှိ အနာဂတ် တယ်လီနောအသုံးပြုသူများအနေဖြင့် အင်တာနက်အသုံးပြုခ ပေးရန်မလိုဘဲ Wikipediaမှ ကျယ်ပြန့်သော အသိပညာကို ရရှိနိုင်မည်ဖြစ်ပါသည်။
လက်ရှိတွင် Wikipediaမြန်မာဗားရှင်း (my.wikipedia.org)တွင် မြန်မာဘာသာဖြင့် ဆောင်းပါး ၃၀,၀၀၀ သာရှိပါသည်။ တယ်လီနောမြန်မာနှင့် ပူးပေါင်း၍ contentဖန်တီးခြင်းသည် Wikipedia Zeroစတင်နိုင်ရန် အတွက် ပထမခြေလှမ်းဖြစ်ပါသည်။
ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဦးလှဌေးမှ “ယနေ့ပွဲက တယ်လီနောမြန်မာ၊ ဒဂုံတက္ကသိုလ်နဲ့ Wikipedia တို့ ပူးပေါင်းကျင်းပတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပညာရေး၊ ခိုင်မာတဲ့ အသိပညာနဲ့ အရေးကြီးဆုံးဖြစ်တဲ့ အင်တာနက်ချိတ်ဆက်မှုတွေကို ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ကျောင်းသားတွေလည်း အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။”
ပြည်တွင်း Wikipedia representativeကိုဇော်သက်အောင်က ကျောင်းသားများအား Wikipedia ၏ ကောင်းကျိုးများကို ယခုလိုပြောကြားခဲ့ပါသည်။ "အသိပညာနဲ့ ဗဟုသုတဟာ စွမ်းအားတစ်ခုဖြစ်ပြီး ကျောင်းသားတွေအတွက် Wikipediaက ဘက်မလိုက်ဘဲရေးထားပြီး အသုံးဝင်တဲ့ အချက်အလက်များကို လွယ်ကူစွာရရှိနိုင်စေပါတယ်။ Wikipedia ကို အမြဲအသုံးပြုပြီး အချက်အလက်များရှာဖွေရယူဖို့ မိမိဘာသာစကားနဲ့ ကြည့်ရှုနိုင်တဲ့ content တွေကို ဖန်တီးရာမှာ ပါဝင်ကူညီမယ့်သူတွေ လိုအပ်ပါတယ်။"
![]()
တယ်လီနောမြန်မာ၏ CEO, Mr.Furberg က “Contentဖန်တီးနိုင်ရန်အတွက် ကျောင်းသားကျောင်း သူတွေ ပါဝင်နိုင်တဲ့ platform တစ်ခုကို ဖန်တီးရာမှ တစိတ်တဒေသပါဝင်ရတဲ့အတွက်၊ နောက်ပြီး အခုလို ဥာဏ်ရည် ထက်မြက်ပြီး ငယ်ရွယ်တဲ့ကျောင်းသားကျောင်းသူတွေနဲ့ပါ တွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးအတွက် တက်ကြွပြီး အထောက်အပံ့ပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးမယ် ဆိုတဲ့ တယ်လီနောရဲ့ ရည်မှန်းချက် အတိုင်း ဒီနေ့ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ တယ်လီနောနဲ့ ကျွန်တော်တို့ဝန်ထမ်း တွေကလည်း မြန်မာဘာသာဖြင့် contentဖန်တီးရာမှာ Wikipedia ကို တက်ကြွစွာ ပါဝင်ကူညီ လျက်ရှိပါတယ်။ တယ်လီနောမှာ Wikipediaနဲ့ trainingနှစ်ခါ ပြုလုပ်ခဲ့ပြီး ပါဝင်ဆွေးနွေးမှုနှုန်းက ခန့်မှန်းထားတာထက် ကျော်လွန်နေတာကို တွေ့ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “ဒီနေ့ ပြုလုပ်တဲ့ ပွဲဟာဆိုရင် တယ်လီနောရဲ့ လက်တွဲဖော်တွေဖြစ်တဲ့ Wikimedia Foundationနဲ့ Wikipedia Myanmar တို့နဲ့အတူ ပြည်တွင်းလူထုအသိုင်းအဝိုင်းအတွက် အတူတကွ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ကိုလည်း တယ်လီနောကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
###
net Monday အကြောင်း
# net Monday သည် တယ်လီနောမြန်မာမှ လစဉ်ကျင်းပသော ပွဲတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်းလူထုအသိုင်းအဝိုင်း နှင့် သက်ဆိုင်သော အကြောင်းအရာများကို တင်ပြဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါသည်။
# အင်တာနက်နှင့်ပတ်သက်သော အကြောင်းအရာများကို ပွဲစဉ်တိုင်းတွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် လူထုအသိုင်းအဝိုင်းတို့ကို ဆွေးနွေးစေမည် ဖြစ်ပါသည်။
# ပါဝင်ဆွေးနွေးမည့်သူများတွင် ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်ပါသည်။
![]()
Internet for All အကြောင်း
# မိုဘိုင်းဆက်သွယ်မှုသည် လူတိုင်းအတွက် လိုအပ်ကြောင်း တယ်လီနောမှ ယုံကြည်ပါသည်။ ထို့အပြင် အင်တာနက်သည်လည်း လူတိုင်းအတွက်(Internet for All) ဖြစ်ရပါမည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု တွင် ဦးဆောင်လျက်ရှိသော တယ်လီနောမှ မိုဘိုင်းဆက်သွယ်ရေးသည် အာရှနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် နေထိုင်လျက်ရှိသော လူအများ၏ နေ့စဉ်ဘဝကို အပြုသဘော ဆောင်သော ပြောင်းလဲမှု များယူဆောင်ပေးလျက်ရှိသည်ကို ကိုယ်တိုင်တွေ့မြင်လာခဲ့ပြီး ဖြစ်ပါသည်။ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကနေရာမှ ပါဝင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တယ်လီနောသည် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အတွက် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေး ကောင်းမွန်သော မိုဘိုင်းဖုန်းဆက်သွယ်ရေး ရရှိစေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
# တယ်လီနောသည် ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းဆောင်ရွက်နေသောနိုင်ငံ နှင့် လူထု အကျိုးပြုစေမည့် ဆောင်ရွက်မှုများကို လည်းလုပ်ဆောင်သွားပါမည်။ ထိုလုပ်ဆောင်မှုများတွင် အတွေးအခေါ်များနှင့် သတင်းအချက်အလက်များကို ဆွေးနွေးဖလှယ်၍ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလုံးအတွက် ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ကာ ပြုလုပ်သော net Monday အစီအစဉ်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
# net Monday သည် အားလုံးအတွက် အင်တာနက်ဟူသော ရည်မှန်းချက်ပြည့်ဝနိုင်စေမည့် အစီအစဉ် တစ်ခုလည်းဖြစ်ပါသည်။
# တယ်လီနောသည် ၄င်း၏ ဆက်သွယ်ရေးလုပ်ငန်းရှိ အတွေ့အကြုံများကို အခြေခံကာ ပြည်သူများ အတွက် ဈေးနှုန်းသင့်တင့်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို ကောင်းမွန်စွာ ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ လူတိုင်းတတ်နိုင်ပြီး အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုသည် ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ နှင့် လူ့အဖွဲ့အစည်းများအတွက် ရေရှည်တည်တံ့မည့် အကျိုးသက်ရောက်မှုကို ရရှိစေမည်ဖြစ်ပါသည်။
http://blog.irrawaddy.org/2014/06/blog-post_25.html
.
"...မြန်မာနိုင်ငံရှိ အနာဂတ် တယ်လီနောအသုံးပြုသူများအနေဖြင့် အင်တာနက်အသုံးပြုခ ပေးရန်မလိုဘဲ Wikipediaမှ ကျယ်ပြန့်သော အသိပညာကို ရရှိနိုင်မည်ဖြစ်ပါသည်..."