Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကိုယ်ရဲ့ Facebook စာမျက်နှာ ဖောက်ထွင်းခံရတယ် ဆိုရင်

$
0
0


 ~




ကိုယ်ရဲ့ Facebook စာမျက်နှာ ဖောက်ထွင်းခံရ၊ ဟက်ခံရတယ်ဆိုရင် ဘယ်လို ဆက်လုပ်ရမလဲ။


ဒီအကြောင်းနဲ့ ပတ်သက်ပြီး Facebook က လမ်းညွှန်ချက်ပေးထားပါတယ်။ အပြည့်အစုံကို
Hacked Accounts https://www.facebook.com/help/131719720300233မှာ ဖတ်ပြီး သက်ဆိုင်ရာလင့်တွေကို ကလစ်လိုက်ရင် ဆက်လုပ်ရမယ့် လမ်းညွှန်ချက်တွေကို တွေ့ပါမယ်။

ကိုယ့် Facebook ကို  တယောက်ယောက် ဖောက်ထွင်းပြီး တလွဲအသုံးပြုခြင်း ၄ မျိုး။
ကိုယ့်မိတ်ဆွေ Facebook တယောက်ယောက် ဖောက်ထွင်းပြီး တလွဲအသုံးပြုခြင်း ၃ မျိုး။
 
စုစုပေါင်း  ၇ မျိုး အတွက် ဆက်လက် ဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေ တွေ့ပါလိမ့်မယ်။

ဖေ့စ်ဘုတ်မှာ ဘာမှန်းမသိရတဲ့လင့်တခုကို ကလစ်လိုက်မိရင် အဲဒါက ဗိုင်းရပ်စ်လည်း ဖြစ်နိုင်တယ်။
အဲဒါဆို ကိုယ့်ကွန်ပြူတာထဲက ဗိုင်းရပ်စ်လုံခြုံရေးပရိုဂရမ်တွေ အဖျက်ခံရနိုင်တယ်။
ကိုယ်မရေး ကိုယ်မပို့ဘဲနဲ့ ကိုယ့်အကောင့်ကနေ မိတ်ဆွေတွေဆီကို စာတွေ အလိုအလျောက် ပို့တာမျိုး ဖြစ်လာနိုင်တယ်။

ကိုယ့်အကောင့် ဟက်ခံရခြင်းမှ ကာကွယ်ဖို့ နည်းလမ်းတချို့ကို https://www.facebook.com/help/131719720300233
What To Do If Your Facebook Account Gets Hacked
မှာ တွေ့ရတာက....
  • -  ဖေ့စ်ဘုတ်စာမျက်နှာ လုံခြုံရေးဆိုင်ရာ အစီအမံတွေ၊ သတိပေးချက်တွေကို လေ့လာပါ။
  • - ကိုယ့်မိတ်ဆွေတွေဆီကပဲလာလာ ဘယ်သူ့ဆီကပဲ လာလာ ... သံသယဖြစ်စရာ လင့်တွေကို ကလစ်တာမျိုး မလုပ်နဲ့။
  • - ကိုယ်မသိတဲ့သူဆီက မိတ်ဆွေဖွဲ့တာ (friend requests)တွေကိုလက်မခံနဲ့။
  • - ကိုယ်မသိတဲ့ အပလီကေးရှင်းတွေကို ဒေါင်းလုတ် မလုပ်နဲ့။



ဒီစာ ရေးဖြစ်တာကတော့ ဒီရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့
ရတဲု့အထက်ပါ ကြော်ငြာကြောင့်ပါ။

ဒေါ်မြမြ၀င်းရဲ့ ဖေ့စ်ဘုတ်ကို တစုံတယောက်က ဖောက်ထွင်းတယ်၊ password ပြောင်းတယ်၊ ပြီးတော့ အဲဒီလူက ရေးသားတင်ပြတယ် လို့ ကြော်ငြာမှာ ရေးပါတယ်။ ဆက်မလုပ်ဖို့ သတိပေးထားတဲ့စာပါ။ ဒါဟာ ရာဇ၀တ်မှုကျူးလွန်ရာရောက်တယ်လို့လည်း သတိပေးထားပါတယ်။

ဖေ့စ်ဘုတ်မှာ မြမြ၀င်း နာမည်နဲ့ အကောင့်တွေ အများအပြား ရှိပါတယ်။

ကြော်ငြာမှာ ပါဝင်တဲ့ ဒေါ်မြမြ၀င်းဆိုတာ ခြသေ့င်္သုံးကောင် ဆေးလိပ် လုပ်ငန်းပိုင်ရှင် ဖြစ်ဖွယ် ရှိပါတယ်။

ဒီအကောင့်ကို ပြန်ရဖို့၊ ဟက်ထားသူ ဆက်မသုံးနိုင်ဖို့ ဆိုရင် အထက်မှာ ဖော်ပြထားတဲ့

Hacked Accounts https://www.facebook.com/help/131719720300233မှာ ပါတဲ့ လင့်တွေအတိုင်း ကိုယ်တိုင် လုပ်နိုင်ပါတယ်။ ကိုယ့်အကောင့် ပြဿနာ တက်နေကြောင်း facbook ကို အစီရင်ခံတာပါပဲ။

ဖြစ်နိုင်မယ် ဆိုရင် ကိုယ်အမြဲတမ်းသုံးနေကျ အိမ်၊ ဆိုင်ကနေပဲ သုံးပါ။
သုံးနေကျကွန်ပြူတာကို သုံးရင် အကောင်းဆုံးပါပဲ။
တယောက်ယောက်က တိုင်ပြီ ဆိုရင်
facbook တာဝန်ရှိသူတွေ ကိုယ့်အင်တာနက်လိုင်းနဲ့ကွန်ပြူတာရဲ့ စက်ပိုင်းဆိုင်ရာနံပါတ်ကို ကြည့်ဖွယ် ရှိပါတယ်။
ခါတိုင်း သုံးနေကျနေရာကနေ တိုင်တယ်ဆိုတဲ့သဘော သက်ရောက်ရင်  ကိုယ့်အတွက် ပထမအဆင့် အောင်မြင်တာပါပဲ။

 ကိုယ့်မိတ်ဆွေတွေ (facebook friend တွေ) ကလည်း ကိုယ့်အတွက် တိုင်ကြားပေးနိုင်ပါတယ်။

အဲဒီလို ၀ိုင်း
ဝန်း လုပ်ကိုင်ရင် ကိုယ့်အကောင့် ပြန်ရနိုင်ပါတယ်။
password အသစ် တခု အစားထိုးအသုံးပြုရမှာ ဖြစ်ပါတယ်။

စည်သူလင်း ~
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles