Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သမီးလေးကျေးရွာအကြောင်း မျက်နှာဖုံးတင်ထားတဲ့ The Irrawaddy မဂ္ဂဇင်း

$
0
0
 ~




မြန်မာပြည်အနှံ့ စာအုပ်ဆိုင်ကြီးများမှာ ဒီလထုတ် The Irrawaddyမဂ္ဂဇင်း ရှိနေပါပြီ။

မျက်နှာဖုံးဆောင်းပါးကတော့   အိမ်တွေ ဖျက်ဆီးခံရ၊  တနေရာပြီး တနေရာ ရွှေ့ခဲ့ရတဲ့ သမီးလေးကျေးရွာဒေသခံတို့ရဲ့ ခရီးစဉ်အကြောင်းပါပဲ။
မျက်နှာဖုံးမှာ တွေ့ရမှာက သမီးလေးကျေးရွာက အသက် ၃၃ နှစ်အရွယ် ကိုမျိုးမင်းထွန်း ဖြစ်ပါတယ်။ အဖျက်ခံရတဲ့ထဲ သူ့အိမ်လည်း ပါပါတယ်။ နာရီဝက်အတွင်း သူ့အိမ် တစစီဖြစ်သွားပုံကို သူ ရှင်းပြထားတာကိုလည်း ဆောင်းပါးထဲ ဖတ်ရပါမယ်။ သမီးလေးမှာ သူတို့ ဆက်ပြီး ကြံ့ကြံ့ခံ ရပ်တည်ရင် ထောင်ထဲအပို့ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံထားရသူပါ။

စီးပွားရေးစာမျက်နှာ အင်တာဗျူးအတွက် ရွေးချယ်ထားတာကတော့ မြန်မာပြည် ရေနံ/သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်အကြောင်းဖြစ်ပါတယ်။  ပါရမီ စွမ်းအင်ကုမ္ပဏီအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းနဲ့အင်တာဗျူးပါ။

စာနယ်ဇင်းနဲ့ ပတ်သက်လို့တော့ မြန်မာပြည်မှာ လွတ်လပ်၊ အမှီအခိုကင်းတဲ့ မီဒီယာလိုအပ်တယ်၊ ပြည်သူ့ဝန်ဆောင်မှုအမည်ခံ ဝါဒဖြန့်ချိရေး မလိုအပ်ဘူး ဆိုတဲ့ ဆောင်းပါးကို ဖတ်ရပါမယ်။

ရန်ကုန် ဗိုလ်တထောင်စေတီကို ထိုင်းခရီးသည်တွေ အလုံးအရင်းနဲ့ လာနေကြတာ ဘာကြောင့်များလဲ၊
ပဲခူးမြစ်ထဲက သင်္ဘောပျက်ဆယ်ယူမှုမြင်ကွင်း ဓာတ်ပုံအက်ဆေး၊
ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း၊
ထိုင်းအာဏာသိမ်းအုပ်ချုပ်မှု
စသဖြင့် စသဖြင့်သော အကြောင်းအရာများလည်း ပါဝင်ပါတယ်။

နိုင်ငံတကာကနေ မှာယူ ဖတ်ရှုလိုတယ် ဆိုရင်ဖြင့် http://www.irrawaddy.org/subscriptionsဆိုတဲ့ စာမျက်နှာ အောက်ဘက်နားမှာ  PayPal စနစ်နဲ့ ငွေပေးချေနိုင်ကြောင်း ဖော်ပြထားတာ တွေ့ရမှာပါ။

 ဒီလထုတ် The Irrawaddy မဂ္ဂဇင်းထဲက ရေးသားချက်တချို့ကို အွန်လိုင်းမှာ အောက်ပါလင့်တွေကနေ  ဖတ်ရှုနိုင်ပါကြောင်း။

http://www.irrawaddy.org/burma/magazine-lifestyle/tuning-2.html
 

http://www.irrawaddy.org/burma/magazine-intelligence/jockeying-begins.html
http://www.irrawaddy.org/interview/magazine-in-person/censorship-changed-thinking.html
http://www.irrawaddy.org/burma/multimedia-burma/burmese-beauty-brings-home-first-intl-crown.html
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles