Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရေပေါ်မှာ ငှက်တကောင်လို သွားကြမယ်

$
0
0
တီထွင်ကြံဆ နည်းလမ်းရဆိုသလို လူသားရဲ့ တီထွင်မှုက အံ့မခန်းပါဘဲ။ အခု ဖော်ပြမယ့် ဗွီဒီယိုကတော့ Water Bird လို့ ခေါ်တဲ့ ငှက်ကို နမူနာယူကာ တီထွင်ထားတဲ့ ရေပေါ်သွား ယာဉ်တမျိုးအကြောင်းပါ။ 


ဘာအင်ဂျင်အမျိုးအစားမှလည်း တပ်ဆင်ထားခြင်း မရှိလို့ ဘယ်လို လောင်စာဆီမျိုးကိုမှ သုံးစရာမလိုပါ ဘူး။ လူရဲ့ ခုန်ဆွပေးမှုကိုပဲ မောင်းနှင်အားအဖြစ် အသုံးပြုထားတဲ့ ကိရိယာဖြစ်ပါတယ်။

 လောင်စာဆီ မလိုတဲ့ ကိစ္စဟာ လူတွေ ကို အတော်ပဲ ဆွဲဆောင်စေပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို လည်း မထိခိုက်သလို လောင်စာအတွက် ကုန်ကျ စရိတ်လည်း မရှိ၊ ကိုယ်ခန္ဓာအတွက်လည်း လေ့ကျင့်ခန်း လုပ်သလို ဖြစ်နေတာဆိုတော့ ၂ဝဝ၅ ခုနှစ်လောက်ကတည်းက အသုံး တွင်ကျယ်လာနေတာပါ။

ဒီကိရိယာကို ဘယ်လို တပ်ဆင်တယ်၊ ဘယ်လို အသုံးပြုရတယ်ဆိုတာကိုလည်း ဗွီဒီယိုမှာပြသထားပါတယ်။ အခုတော့ အနောက်နိုင်ငံတွေမှာ ဒီရေပေါ်သွား ယာဉ်ကို အသုံးပြုမှု တွင်ကျယ်လာနေပါပြီ။ Water Bird စီးကြတဲ့ ကလပ်အသင်းတွေလည်း တော်တော် ကျယ်ပြန့်လာနေကြပါတယ်။

  


အိမ့်သံစဉ် ~ 


 









Viewing all articles
Browse latest Browse all 5236

Trending Articles