Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်တဲ့ ဦးသိန်းစိန်ရဲ့ မိန့်ခွန်း ကောက်နုတ်ချက်

$
0
0
 ~




မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်ပြီး တနင်္လာည ၈းဝဝ နာရီမှာ ထုတ်လွှင့်တဲ့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းထဲက အချက်အလက် တချို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 

ပဋိပက္ခအတွင်း သေဆုံးသူများအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း။

မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးရှိစေမယ့် ရေးသားမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ် ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း။

ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားများ ပြန့်ပွားအောင် သွေးထိုးလှုံ့ဆော်တာဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးတာဖြစ်ပြီး၊ လူမျိုးဘာသာမရွေး မိမိတို့ရဲ့ လူ့အဖွဲ့အစည်းကို အန္တရာယ် ကျရောက်စေတဲ့အတွက် ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး အရေးယူ ဆောင်ရွက်သွားရမယ်။

လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လုံလောက်တဲ့ အဖွဲ့အစည်းများ ရှိနေ။ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကူအညီကို ရယူပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်နေ။

အကြမ်းဖက်မှုများမှာ ပါဝင်သူများ၊ ပဋိပက္ခဖြစ်ပေါ်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူတို့ကို စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသား အရေးယူသွားမယ်။

သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူမယ်။

မန္တလေးမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစု အဖွဲ့အစည်းတခုက လူတစု အဖွဲ့အစည်းတခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင် ဖန်တီး လုပ်ကိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ 
 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ