Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မန္တလေးပဋိပက္ခအကြောင်း NLD နဲ့ သံဃသမဂ္ဂ ကြေညာချက်ထုတ်

$
0
0
 ~




အင်္ဂါတညလုံး မန္တလေး ၂၆လမ်းဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး NLD နဲ့ သံဃသမဂ္ဂအဖွဲ့ချုပ်တို့ဆီက ကြေညာချက်တွေ ဒီကနေ့ ထွက်လာတဲ့အကြောင်း အွန်လိုင်းမှာ တွေ့ရတာတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။

အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ 
သံဃသမဂ္ဂအဖွဲ့ချုပ် (မန္တလေး)ရဲ့ ကြေညာချက်မှာတော့ မန္တလေးပဋိပက္ခဖြစ်ပွားတဲ့နေရာကို သံဃာတွေ ရောက်သွားခြင်းဟာ ငြိမ်းချမ်းစွာ ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ဖြစ်တယ်လို့ ရေးထားပါတယ်။

အဓိကရုဏ်းမှာ ကြမ်းကြမ်းတမ်းတမ်းဖြစ်ခဲ့တာတွေဟာ ဒေသခံအာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာပိုင်တွေမှာ ဘာကြောင့် ဘယ်လို တာဝန်ရှိသလဲ ဆိုတာကိုတော့ ရေးမထားပါ။

NLD ရဲ့ ကြေညာချက်မှာတော့
ပဋိပက္ခဖြစ်လာရင် ပြည်သူကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးသင့်တယ်၊ ပြည်သူကို ဟန့်တားထိန်းချုပ်တဲ့အလေ့အထကို ပြုပြင်သင့်ပြီလို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

လုံခြုံရေးအာဏာပိုင်တွေဘက်က မန္တလေးပဋိပက္ခကိုင်တွယ်ရာမှာ ဘယ်လို အားနည်းချက်တွေရှိလို့ ဒီလို ထုတ်ပြန်ရခြင်းဖြစ်တယ် ဆိုတာကိုတော့ NLD က ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။

သူတို့ဆီမှာ ထုတ်ဖော်ရေးသားလို့ အခြေအနေ မပေးသေးတဲ့ သတင်းအချက်အလက်တွေ ရှိနေမယ်လို့ ယူဆရပါတယ်။



 



Viewing all articles
Browse latest Browse all 5236

Trending Articles