Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းမှာ တရားမဝင် အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး စတင်လုပ်ပေး

$
0
0
ထိုင်းနိုင်ငံ အာဏာသိမ်း စစ်ကောင်စီအစိုးရက ထိုင်းနိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်နိုင်ဖို့် ယာယီ အလုပ်သမားမှတ်ပုံတင်( ဘတ်)တွေကို ထုတ်လုပ်ပေးနေပါတယ်။ 

 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ကနဦးအနေနဲ မြန်မာအလုပ်သမားအများစု လုပ်ကိုင်နေတဲ့ စမွတ်စခွန် (မဟာချိုင်)မှာ ဆောင်ရွက်ပေးနေ တာဖြစ်တယ်လို့ လို ဒီကနေ့ ဘန်ကောက်ပိုစ်မှာ ရေးသားထားတာဖြစ်ပါတယ်။ 


 ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေကနေ တရားမဝင် လာရောက်အလုပ် လုပ်နေသူ
ပေါင်း ၈ သောငေ်း လောက် ရှိမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက မနှစ်က ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ လ တုန်းက ကမ္ဘောဒီယား အလုပ်သမားအများစုနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဖမ်းဆီးခံရ မှာကို ကြောက် ရွံ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်သွားခဲ့လို့ ထိုင်းနိုင်ငံရဲ့ စက်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်း
တွေမှာ အခြေခံ လုပ်သား ပြတ်လပ်မှုတွေနဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့လို့ ထိုင်း လုပ်ငန်းအများစု အခက်တွေ့ခဲ့ပါ တယ်။ 

အခုကာလတွေမှာတော့ ထိုင်းနိုင်ငံအလုပ်သမားရေးရာ ဌာနက တရားမဝင် အလုပ်သမားတွေအတွက် တရားဝင် အလုပ် လုပ်ခွင့် ကဒ်တွေရရှိဖို့ကို တရက်နဲ့ အပြီး လုပ်ဆောင်ပေးနေပါတယ်တဲ့။ 

အခု ထုတ်ပေးနေတဲ့ ယာယီ အလုပ်လုပ်ခွင့် ကတ်ပြားရရှိဖို့ စုစုပေါင်းကုန်ကျမယ့် စရိတ်ကတော့ ထိုင်း ဘတ်ငွေ ၂၃၀၀ ကျော် ( တချို့ပြောတာမှာတော့ ဘတ်ငွေ ၂၅ဝဝ လောက်) ကုန်ကျမှာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေအတွက် ဘတ် ၁ဝဝဝ ထောင် ကျော်သာ ကုန်ကျမှာလို့ ဆိုပါတယ်။ 

ယခု ထုတ်ပေးတဲ့ လက်မှတ်က ၂ လ အချိန်သာဖြစ်ပြီး သက်တမ်းပြည့်တာနဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမား မှတ်ပုံတင်ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ဦးရေ ၃ သန်းကျော် လာရောက် လုပ်ကိုင် နေကြတယ်လို့ အလုပ်သမား အရေး လုပ်ဆောင်နေတဲ့ အဖွဲ့များက ခန့်မှန်းထားပါတယ်။


အိမ့်သံစဉ် ~ 

 








 

Viewing all articles
Browse latest Browse all 5236

Trending Articles