Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

“စာတွေ များများဖတ်ပါ”

$
0
0
 ~
 



ဝတ်မှုံရွှေရည်၊
၂၃ နှစ်၊
သရုပ်ဆောင်၊
B.A (English)



ကစ် အခုလတ်တလောမှာ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေပါတယ်။
ဒါရိုက်တာက ကိုဝိုင်း၊ သရုပ်ဆောင်တွေက အောင်ရဲလင်း၊ မသက်မွန်တို့နဲ့ ရိုက်နေတာပါ။

ကစ် ဖြတ်သန်းနေတဲ့ လူငယ်ဘ၀က သရုပ်ဆောင် တယောက်ရဲ့ လူငယ်ဘ၀ဆိုတော့ အပြင်က သာမန် လူငယ်ဘ၀နဲ့ မတူဘူးလို့တော့ ထင်ပါတယ်။

သရုပ်ဆောင်တယောက် ဖြစ်လာပြီဆိုတော့ သရုပ်ဆောင် တယောက်ဘ၀ထဲမှာပဲ နေရတာပေါ့နော်။ အဲဒီအတွက်လည်း
ကစ် အဲဒီဘ၀ထဲမှာပဲ ပျော်အောင်နေပါတယ်။ ကစ် သရုပ်ဆောင်မင်းသမီး မဖြစ်ခင် သာမန် လူငယ်ဘ၀နဲ့ အခု သရုပ်ဆောင် ဖြစ်နေတဲ့ဘ၀ လွတ်လပ်မှုချင်းကတော့ ဘာမှကို မဆိုင်ပါဘူး။ မင်းသမီး လူငယ်ဘ၀နဲ့ အပြင်က လ
ူငယ်တယောက် ဘ၀က တူမှမတူတာ။


မင်းသမီးဖြစ်လာတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးတွေ နေထိုင်ရမယ် ဆိုတာကို စည်းကမ်း သတ်မှတ်ထားတာ ရှိပါတယ်။ အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်း ထားတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဆင်ခြင်ရမယ့် ကိစ္စလေးတွေ၊ ရှောင်ကြဉ်ရမယ့် ကိစ္စလေးတွေ၊ ထိန်းသိမ်းရမယ့် ဟာလေးတွေကိုတော့ ကိုယ့် Rule နဲ့ကိုယ် ချထားတာတော့ ရှိတာပေါ့ နော်။

လူငယ်တယောက် အနေနဲ့ အခုဖြတ်သန်းနေတဲ့ ဘ၀ကို ကျေနပ်မှုတော့ရှိပါတယ်၊ ဒါပေမယ့် တခုလိုချင်ရင် တခုတော့ ပေးဆပ်ရမှာပေါ့နော်။ အဲဒီလိုတော့ တွေးထားပါတယ်။

ဖက်ရှင်နဲ့ပတ်သက်ရင် ကစ်က ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ၀တ်ရတဲ့ ပုံစံလေးတွေကို သဘောကျပါတယ်။

ကစ်က အသိပညာ ဗဟုသုတ စာပေတွေဆိုရင် ဆရာအောင်သင်းတို့၊ ဦးဖေမြင့်တို့၊ ကစ်ရဲ့ စိတ်ကို ခွန်အားတွေ ဖြစ်စေမယ့် စာပေမျိုး၊ ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်စေမယ့် စာမျိုးတွေ ဖတ်ဖြစ်ပါတယ်။ ၀တ္ထုတွေလည်း ဖတ်တယ်။

လူငယ်တွေအတွက် အချိန်ဆိုတာ အများကြီး တန်ဖိုးရှိတယ်၊ လူငယ်ဆိုတာ စိတ်ဓာတ်လည်းထက်သန်တယ်၊ ဖြစ်ချင်တဲ့အလုပ်ကို ဖြစ်ချင်တဲ့စိတ်နဲ့ ဖြစ်ရမယ်ဆိုပြီးတော့သာလုပ်၊ ဘာပဲဖြစ်ဖြစ် ဖြစ်လာမှာပဲ။ စိတ်ဓာတ်လည်း မကျနဲ့။
အခက်အခဲတွေ၊ အနှောင့် အယှက်တွေကတော့ ဘယ်သူမဆို ဘ၀မှာကြုံမှာပဲလေ။ ပြုတ်ကျတာတွေ၊ လဲကျ တာတွေလည်း ကြုံရမှာပဲလေ။ ဒါပေမယ့် အဲဒီလိုအရာတွေမှာ စိတ်ဓာတ်ကို မာမာထားပြီးတော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပေါ့။

စိတ်ဓာတ်မကျဘဲ စာတွေ များများဖတ်ပါ။ ကစ်ကတော့ စိတ်ဓာတ်ကျတဲ့ အချိန်တွေဆို ကိုယ့်ကို ရင့်ကျက်စေမယ့် စာတွေဖတ်တယ်။ လူရယ်လို့ဖြစ်လာရင် အဆိုးနဲ့အကောင်းက တွဲနေမှာပဲလေ။ ကစ်ကတော့ အဲဒီလိုပဲ စိတ်ထဲမှာ ထားထားတယ်။ အဆိုးပြီးရင် အကောင်းလာမှာပဲလေ၊ အမြဲတမ်းလည်း အကောင်းချည်းပဲ မလာဘူး။


ဒီခေတ်လူငယ်တွေက တော်ပါတယ်၊ ကစ်ကတော့ ကစ်ဖြစ်ချင်တဲ့ အလုပ်၊ ကစ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေဆိုရင် မဖြစ်ဖြစ်အောင် ကြိုးစားလေ့ရှိတယ်။ အခုလည်း ဒီနေရာက လွယ်လွယ်ကူကူနဲ့ ရခဲ့တဲ့အရာ မဟုတ်ဘူးလေ။
ဒါကြောင့် ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားမယ်ဆိုတဲ့ စိတ်ကလေးကတော့ ထည့်ထားရင် ကောင်းတာပေါ့နော်။

ပြီးတော့ ဘယ်သူ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ပဲ လိုပါတယ်။ ကစ်ရဲ့ ပရိသတ်ကို ဟြေချင်တာ ကတော့ အရမ်းချစ်ပါတယ် … လို့။



ဓာတ်ပုံများ - မြတ်သူအောင် / ဧရာဝတီ
 

.

Viewing all articles
Browse latest Browse all 5236

Trending Articles