သမ္မတ ဦးသိန်းစိန်ဟာ ဇွန်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားပါတယ်။ ဦးသိန်းစိန်နဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ရဲ့ ၄ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်လည်းဖြစ်ပြီး ယမန်နေ့က တရုတ်သမ္မတ ဇီကျင်ပင်း အပါအဝင် တရုတ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပါတယ်။
တရုတ်-မြန်မာ ၂ နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မြဲရေးအတွက် တရုတ်သမ္မတက ဖိတ်ကြား တာဖြစ်ပါတယ်။
အခု ခရီးစဉ်ဟာ သမ္မတတာဝန်ယူပြီး ဦးသိန်းစိန် ရဲ့ စတုတ္ထမြောက် တရုတ်နိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း မူဝါဒ ၅ ရပ်ချမှတ်ခဲ့တဲ့ နှစ် ၆ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း သမ္မတ ဦးသိန်းစိန်က တက်ရောက်မှာဖြစ်တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~
ဇွန် ၂၇ ရက်နေ့ခင်းက ပီကင်းရောက် သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုနေကြစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ဝက်ဆိုက်