Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တောင်သူတွေ ထောင်ထဲသွားရတော့ ဘာဖြစ်သလဲ

$
0
0
 ~



ယခင်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးသမားတွေကို ထောင်ထဲ ပို့တယ်။
ယခုဗိုလ်ချုပ်ကြီးတွေလက်ထက်မှာတော့ တောင်သူလယ်သမားတွေကို ထောင်ထဲပို့တယ်လို့ ဆိုရမလား။

တချို့ဒေသတွေမှာတော့ ဒီလိုဖြစ်ရပ် ရှိနေပါလိမ့်မယ်။

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မကျည်းပင်ကြာအင်းကျေးရွာက တောင်သူ  ၁၂ ဦး   ဖေဖေါ်ဝါရီလမှာ ထောင်ဒဏ် (၆) လ ကနေ (၃)နှစ်အထိ အသီးသီး ချမှတ်ခံရပြီပြီး ပြည်မြို့အကျဉ်းထောင်ထဲ ရောက်သွားပါတယ်။

အဲဒီတောင်သူတွေ ဘာကြောင့် ထောင်ချခံထားရသလဲ။
အမျိုးသားသယံဇာတ ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ (NRDC)ရဲ့ ကျွန်းစိုက်ခင်းတွေကို ဖျက်ဆီးမှုနဲ့ ၂၀၁၂ ဇူလိုင်လက စတင်ကာ တရားစွဲဆိုခံရတာပါ။ ဒီနှစ်တော့ သူတို့ ထောင်ထဲ ရောက်သွားတော့တာပါပဲ။

 အဲဒီေ
တာင်သူတွေရဲ့ ယာခင်းတွေမှာ ပြန်လည်စိုက်ပျိုးဖို့အတွက် ထယ်ထိုးပေးမယ့် ယောက်ျားသားတွေ မရှိပါဘူး။


ဒါကြောင့် စာနာသူတွေထဲက တချို့က ထောင်ထဲရောက်နေသူတွေရဲ့ ယာမြေတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး သွားရောက်ထွန်ယက်စိုက်ပျိုးပေးခဲ့ကြပါတယ်။
စုပေါင်းလုပ်ကိုင်ပေးကြသူများကတော့  မကွေးတိုင်း၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာနဲ့ ပယ်ကျကျေှးရွာက တောင်သူတချို့နဲ့ မကျီးပင်ကြာအင်းကျေးရွာက တောင်သူတွေပါပဲ။

တနယ်တကျေးကနေ လာရောက် ကူညီပေးသူတွေထဲက တယောက်ဖြစ်တဲ့  စစ္စရံကျေးရွာက ကိုသန်းဦးမှာ ရည်ရွယ်ချက်တချို့ ရှိပါတယ်။

“ကျနော်တို့ စစ္စရံကျေးရွာမှာတုန်းကလည်း ထူးနဲ့ ဦးပိုင်ကုမ္ပဏီတွေက ကောစတစ်စက်ရုံဆောက်ဖို့ လာခဲ့ကြဖူးတယ်။
လယ်တွေမတရားသိမ်းတဲ့အပြင် ကျနော်တို့တောင်သူတွေကို ရိုက်နှက်ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
အခုလည်း NRDC ကုမ္ပဏီက ကြာအင်းရွာက တောင်သူတွေအပေါ် မတရား အမှုဆင်ဖမ်းဆီးထောင်ချမှုကို ကန့်ကွက်တာရယ်၊ ထွန်ပေးမယ့် ယောက်ျားတွေ မရှိတဲ့ တောင်သူတွေကို အားကူတဲ့အနေနဲ့ လာရောက် ကူညီပေးတာပါ”

ဖမ်းဆီးခံရတဲ့ တောင်သူ ဦးစံပယ်ရဲ့ ဇနီးဒေါ်ဌေးဌေးက ကူညီသူတွေကို ကျေးဇူးတင်နေပါတယ်။

“အိမ်သားမရှိလို့ မနှစ်က အဖမ်းအဆီးခံပြီး ရှင်းလင်းထားတဲ့ တောင်ယာတွေ မစိုက်ရတော့ဘူးထင်တာ။
အခု တခြားရွာသားတွေကပါ လာပြီး အားကူပေးတယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာမိတယ်။
ဒီနှစ် ကျမတို့ပြန်မစိုက်ရင် ကုမ္ပဏီက ကျွန်းပင်တွေပြန်လာစိုက်မှာ ထောင်ကျခံပြီး ခုတ်ထားတဲ့ ယာတွေ ပြန်သိမ်းခံရတော့မှာပဲ ဆိုပြီး စိုးရိမ်နေတာ”

နွား(၁၀)ရှဉ်း၊ လူ (၄၀) လောက်က ဖန်ခါပင်သစ်တောကြိုးဝင်း အစပ်မှာ ရှိတဲ့ တောင်သူတဦးရဲ့ ယာမြေအပေါ်မှာ ထွန်ယက်စိုက်ပျိုးနေတုန်း  NRDC ကုမ္ပဏီက ဝန်ထမ်းများ လာရောက်ပြီး ရုပ်သံ/ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူခဲ့ကြပါတယ်။

NRDC ကုမ္ပဏီစိုက်ခင်းမန်နေဂျာ ဦးစန်းမော်ကတော့ လိုလိုအပ်ချက်အရ မှတ်တမ်းတင်နေတာပါလို့ ဧရာဝတီသတင်းဌာနကို ပြောပြပါတယ်။

“ကျနော်တို့ စိုက်ခင်းထဲမှာ လာစိုက်တဲ့အတွက် ကျွန်းပင်တွေကို ထိခိုက်မှုရှိမရှိ မှတ်တမ်း ယူထားတာပါ။
သူတို့ ဒီနေ့ထွန်ကြတာ ကွင်းအမှတ် (၂) နဲ့ (၄) မှာ ထွန်တယ်။
အဲဒီက ကျနော်တို့ သစ်တောကြိုးဝိုင်းအတွင်းက ကျွန်းစိုက်ခင်းဖြစ်နေလို့ပါ။
ကျနော်တို့ကတော့ သက်ဆိုင်ရာ သစ်တောဌာနကို တင်ပြပြီး သူတို့ကတရားစွဲပါ ဆိုမှ စွဲတာပါ။
ကျနော်တို့ကျွန်းပင်တွေ မထိခိုက်ဘူးဆိုရင် သူတို့ကြိုက်တဲ့အပင်လာစိုက်လို့ရပါတယ်”

ဖန်ခါးပင် သစ်တောကြိုးဝိုင်းအတွင်းမှာ ကျွန်းစိုက်ခင်း   (၁,၇၅၀) ဧကရှိပြီး NRDC က အစိုးရထံမှ လွှဲပြောင်း ရယူထားတယ်၊ 
အဲဒီထဲက ဧက (၂၀၀) ဟာ တောင်သူများနဲ့ ပဋိပက္ခဖြစ်နေတဲ့  ဧရိယာဖြစ်နေတဲ့ အတွက် သစ်တောဝန်ကြီးဌာနကို ပြန်လည်လွှဲပြောင်းပေးအပ်ထားကြောင်း မန်နေဂျာ ဦးစန်းမော်က ဆက်ပြောပါတယ်။

NRDC ဟာ အဲဒိဒေသက ဖန်ခါးပင်သစ်တောကြိုးဝိုင်းအဟောင်းမြေယာများကို ၂၀၀၈ က စတင်ပြီး အစိုးရဆီကနေ နှစ်(၄၀) စာချုပ်နဲ့ မြေငှားရမ်းစိုက်ပျိုးခွင့်ရထားတာပါ။
မြေငှားရမ်းခက တဧကကို တနှစ် ကျပ် (၂၀၀) ဖြစ်ပါတယ် တဲ့။

တဧက  ကျပ် (၂၀၀) ဆိုတဲ့ အချက်အလက် မှန်ကန်တယ် ဆိုရင်တော့ ဒါဟာ အင်မတန် အံ့သြစရာ နှုန်းထားပါပဲ။

 


 တောင်သူတွေ အရေးကူညီပေးနေတဲ့ ကိုမင်းမင်းက  အခုလို မြေငှားရမ်းစိုက်ပျိုးနိုင်တဲ့ အခွင့်အရေးတွေကို ဌာနေဒေသခံ တိုင်းရင်းသားတွေ ပိုပြီး ရသင့်တယ်လို့  ထောက်ပြပါတယ်။

  “NRDC ဆိုတာ ဦးပိုင်ကုမ္ပဏီလိုပဲ ကြံ့ခိုင်ရေးပါတီရဲ့ ဘက်ဂရောင်း အရှိန်အဝါနဲ့ အထူးအခွင့်အရေး ရယူထားတဲ့ ကုမ္ပဏီပါ။
တနှစ်ကို တဧက နှစ်ရာကျပ်နဲ့ ကုမ္ပဏီကို ငှားလို့ရရင် တောင်သူတွေလည်း ဒီလိုငွေကြေးမျိုးနဲ့ လုပ်နိုင်ကိုင်နိုင်တာပေါ့၊
တကယ်ဦးစားပေးရမှာ ဒေသခံတောင်သူတွေကိုပါ၊ သူတို့မလုပ်နိုင်မှ လုပ်နိုင်မယ့်ကုမ္ပဏီကိုပြောရမယ့် ကိစ္စပါ။
အခုတော့ တောင်သူတွေက ဒါမျိုးလုပ်ကိုင်ခွင့်ရှိမှန်းတောင် သိခွင့် မရခဲ့ဘူး”

တောင်သူတွေ ဓားမဦးချ ခုတ်ထွင် ရှင်းလင်းထားတဲ့ မြေယာမှာ ၂၀၁၀ က စတင်ပြီး ကုမ္ပဏီက ကျွန်းပင်တွေ အတင်းဝင်ရောက် စိုက်ပျိုးခြင်းဖြစ်တယ်လို့ ကိုမင်းမင်းက ပြောပါတယ်။

 တောင်ယာစိုက်ပျိုးချိန်မှာ တောင်သူတွေပြန်လည်ခုတ်ထွင်ရှင်းလင်းရာ ကျွန်းပင်များ ဖျက်ဆီးမှုဖြင့် တရားစွဲဆို ထောင်ချခံရခြင်းဖြစ်ကြောင်း သူကဆက်လက်ရှင်းပြပါတယ်
ထောင်ထဲရောက်သွားတဲ့ တောင်သူတွေရဲ့ရွာဟာ ချင်း (အရှိုချင်း) တိုင်းရင်းသားတွေ သီးသန့်နေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။

 
မကျီးပင်ကြာအင်း လို့ အမည်ရပြီး  ၁၉၉၉  မှာ တည်ဆောက်တဲ့ ညောင်းကိုင်ဆည်၊ ၂၀၀၈ မှာ ကျွန်းသစ်စိုက်ဖို့  NRDC ကို ချပေးတဲ့ ဖန်ခါးပင်သစ်တောကြိုးဝိုင်းတို့ကြားမှာ တည်ရှိပါတယ်။




.

Viewing all articles
Browse latest Browse all 5236

Trending Articles