Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆယ်တန်းစာမေးပွဲ အမှတ်အများဆုံး ၂၂ ဦး

$
0
0
 ~



၂၀၁၄  တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အမှတ်အများဆုံးရရှိသူ ၂၂ ဦးရဲ့ အချက်အလက်တချို့ ထွက်လာပါပြီ။

တနိုင်ငံလုံးမှာ အမှတ်အများဆုံးစာရင်းပါ။

 

ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ အဆုံးသတ်ချိန်မှာ စာသင်ခန်းထဲက ထွက်လာကြသူတချို့ 

(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
  • ၀ိဇ္ဇာဘာသာတွဲ ၁၂ ဦး

အားလုံးက မိန်းကလေးတွေချည်းပါပဲ။
ဝိဇ္ဇာတွဲမှာ ဧရာဝတီတိုင်းက အကုန်လုံးနီးပါး ယူသွားတယ်လို့ ဆိုရမယ်။
ဧရာဝတီတိုင်းက ၁၁ ဦး၊ ကချင်ပြည်နယ်က ၁ ဦး။


  • သိပ္ပံဘာသာတွဲ ၁၀ ဦး

သိပ္ပံတွဲမှာတော့ ရန်ကုန်က အများစု ဖြစ်နေပါတယ်။
ရန်ကုန် ၈ ယောက်၊ မန္တလေး ၂ ယောက်။


ဒီစာရင်း စိတ်ဝင်စားတယ်ဆိုရင် ဆက်စပ် ဖတ်ကြည့်သင့်တာကတော့ သောကြာနေ့ထုတ် မော်ဒန်သတင်းဂျာနယ် စာမျက်နှာ ၂၈ မှာ ပါတဲ့ ဆောင်းပါးတို ဖြစ်ပါတယ်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာနှုန်း ၃၁ လောက်ပဲ ရှိတာကို ထောက်ပြထားတဲ့ဆောင်းပါးပါ။

အယောက် ၁ဝဝ ဖြေရင် ၇ဝ လောက် မအောင်ဘူး၊ ၃၁ ဦးပဲ အောင်တယ်။

မအောင်တဲ့ ၇၀ ဘယ်ရောက်သွားလဲ၊ ဘာလုပ်နေလဲ၊ သူတို့ရဲ့ရှေ့ရေးက ဘယ်လိုလဲ ဆိုပြီး မေးခွန်းထုတ်ထားတာပါ။

ဆယ်တန်းမှာတင် လမ်းမဆုံးအောင် နည်းလမ်းတွေ ဖန်တီးပေးပါ လို့ ခေါင်းစဉ်တပ်ထားပါတယ်။

 


  • ပြုပြင်ပြောင်းလဲရေး

မြန်မာပြည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ပေါ်နေပြီ ဆိုတာ ပညာရေးနယ်ပယ်မှာ ဟုတ်ဟန် မတူပါဘူး။

 မဆလ၊ န၀တ၊ နအဖခေတ် ဗိုလ်ချုပ်ကြီးတွေက လူတတ်ကြီးတွေလုပ်ပြီး ဌာနဆိုင်ရာတွေမှာ ဝင်ရောက် ကြိုးကိုင်ခဲ့တာ အဲဒီထဲ ပညာရေးဌာနလည်း ပါပါတယ်။

ပညာရေးကို သူတို့ စနစ်တကျ ဖျက်ဆီးထားတာ ကြာပါပြီ။

ဒီမိုကရေစီဖော်ဆောင်နေတဲ့ကာလမှာ ပညာရေးဘက်မှာ အပြောင်းအလဲလုပ်ဖို့ဆိုတာက အတော်လေး ခက်ခဲနေဟန်တူတယ်လို့ ယူဆရပါတယ်။

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles