Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဥရောပမှာ ဟိုတယ်ခရီးသင်တန်း တက်မလား

$
0
0
 ~

 


ဟိုတယ်ခရီး ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု ဘာသာရပ်တွေကို ပြည်ပမှာ သွားရောက် လေ့လာလိုသူတွေ စိတ်ဝင်စားမယ့် ရှင်းလင်းဆွေးနွေးပွဲတခု ရှိပါတယ်။

ဘယ်တော့ 
-
ဇူလိုင် ၅၊  စနေမနက် ၁ဝးဝဝ - ၁၂းဝဝ ဘယ်မှာ CROWN Education၊ အမှတ်(၂၇ဝ) ၊ ပထမထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ရန်ကုန်

(ဓာတ်ပုံကို 
ဆွစ်ဇာလန်နိုင်ငံရှိ HTMi  ကျောင်းရဲ့ အွန်လိုင်းစာမျက်နှာ www.htmi.ch ကနေ ယူပါတယ်)

  • သတင်းထုတ်ပြန်ချက်  အပြည့်အစုံ

ဥရောပ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဖွံဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်သော ဆွစ်ဇာလန်နိုင်ငံရှိ HTMi (Switzerland) ကျောင်း တွင် ဘွဲ့ကြို၊ဘွဲ့လွန် ဟိုတယ် နှင့် ခရီးသွား စီမံခန့်ခွဲမှု သင်ယူနိုင်ခွင့်များ၊ ဝင်ခွင့်လိုအပ်ချက်များနှင့် စပ်လျဉ်း၍ HTMi ၏ ကျောင်းတာဝန်ရှိသူ Ms.Lucy က ဇူလိုင်(၅)၊ စနေနေ့၊ နံနက်(၁ဝ)နာရီမှနေ့လည်(၁၂)နာရီထိ၊ CROWN Educationတွင် ရှင်းလင်းဆွေးနွေးမည်ဖြစ်သည်။

Hotel and Tourism Management Institute(HTMi) မှပို့ချသည့်ဘာသာရပ် အားလုံး၏ထူးခြား ချက်မှာ စာတွေ့(၆)လ နှင့် ဆွစ်ဇာလန် ရှိဟိုတယ်များတွင် (၆)လ ကြာလစာရ အလုပ်သင် အဖြစ် လုပ်ကိုင်နိုင်သော Work Placement အစီအစဉ်ပါရှိသည်။ HTMi ဘွဲ့ရများကို ကမ္ဘာ့ ထိပ်တန်းဟိုတယ်အုပ်စုကြီး (၂ဝ)ခုမှခေါ်ယူ အလုပ်ခန့်လေ့ရှိကြောင်းသိရသည်။

 မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများသည် မိမိ၏ ပြီးမြောက်ထားသည့်ပညာအရည်အချင်းအလိုက် HTMi တွင် Certificate, Diploma,Higher Diploma,Bachelorနှင့် Master ပရိုဂရမ်များအားသင်ယူနိုင်ပါသည်။

HTMi သည် University of Ulsterနှင့် Edinburgh Napier Universityတို့နှင့်ပူးပေါင်း ချိတ်ဆက်ထားပြီး Double Award Degreeနှင့် Triple Award Masterများကိုပေး အပ်ချီးမြင့်သော ဆွစ်ဇာလန်၏ တစ်ခု တည်းသောကျောင်းဖြစ် သည်။

The Guardian Good University Guide အရ ဟိုတယ်နှင့်ခရီးသွား စီမံခန့်ခွဲမူ့ဘာသာရပ် များပို့ချရာတွင် University of Ulsterနှင့် Edinburgh Napier Universityသည် ယူကေ အဆင့်(၂)နှင့်အဆင့်(၁၅)အသီးသီးသတ်မှတ်ခံထားရသည်။

 ဘွဲ့ခုခုရရှိပြီးသက်ဆိုင်ရာ လုပ်သက်(၂)နှစ် အတွေ့အကြုံရှိပါက Triple Award Master ဘွဲ့ဖြစ်သော MSc Hospitality and Tourism Management (Edinburgh Napier University) ၊ MBA Hospitality Managementနှင့် Postgraduate Diploma in Hospitality Managementကိုလည်းကောင်း၊ (၁ဝ)တန်းအောင်မြင်ပြီးသူများအနေဖြင့် ဒီဂရီပြီးမြောက်ပါက Double Award Degreeဖြစ်သော BA(Hotel Event Management)နှင့် BSc International Hotel & Tourism Management( University of Ulster)များကို ရရှိမည်ဖြစ်သည်။

ပညာရေးထူးချွန်သူများအတွက်လည်း ဆွစ်ဖရန့်ငွေ ၁,ဝဝဝ မှ ၅,ဝဝဝအထိ ပညာသင်ထောက်ပံ့ကြေးရရှိနိုင် မည်ဖြစ် ကြောင်း သိရသည်။

  အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇ဝ) ၊ ပထမထပ်၊ မြေနီကုန်း၊ ပြည်လမ်းဖုန်း - ဝ၁ ၅၂၇ ၈၃၈ ၊  ဝ၉ -၇၃ဝ ၄ဝ ၆၈၈ တွင် စာရင်းပေး တက်ရောက်နိုင်ပါသည်။


 



.

Viewing all articles
Browse latest Browse all 5236

Trending Articles