Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမျိုးသမီးတဦးကို ဒီဇိုင်းဆရာတို့ ဝိုင်းဝန်း အလှဆင်ပေးခြင်း

$
0
0
 ~



အမေရိကန် ရေဒီယိုသတင်းသမားတယောက်က သူ့ဓာတ်ပုံကို နိုင်ငံစုံက ဂရပ်ဖစ်ဒီဇိုင်းသမားတွေဆီပို့ပြီး နိုင်ငံတကာမှာ အမျိုးသမီးတွေရဲ့အလှကို ဘယ်လို ပုံဖော်ကြသလဲဆိုတာ စမ်းသပ်ခဲ့ပါသတဲ့။

သူက အသက် ၂၄ နှစ် ရှိပါပြီ။ Missouriပြည်နယ် Kansas Cityဆိုတဲ့ မြို့ကြီးကပါ။


  • မူရင်းပုံ

အထက်ဖော်ပြပါ ဓာတ်ပုံကို   ... ကျမနာမည် Esther Honig ဖြစ်ပါတယ်၊ ဒီပုံထဲက ကျမကို လှပအောင် ပြင်ဆင်ပေးပါ ဆိုတဲ့ စာနဲ့အတူ ပို့ပါတယ်။ ပခုံးဗလာ၊ မိတ်ကယ် မလိမ်း မခြယ်၊ ပုံအရိုင်း။ ကဲ... အချောကိုင်ပေတော့။

ပထမဆုံး သီရိလင်္ကာက ဒီဇိုင်းသမားတယောက်ဆီပို့တယ်၊ နောက်တော့ တခြားနိုင်ငံက ဒီဇိုင်းသမားတွေဆီ ပို့ပါတယ်။

အဲသလို တောင်းဆိုတော့ ဒီဇိုင်းဆရာတွေ စိတ်ရှုပ်ကုန်တယ်။
ဒါနဲ့ ... ရှင်တို့ဆီက ဖက်ရှင်စာစောင်တွေထဲကအမျိုးသမီးတယော
က်ပုံမျိုး ဖြစ်အောင် ပြင်ပေးပါလို့ တောင်းဆိုပါတယ်။

ဒီလိုနဲ့ ကွန်ပြူတာနဲ့ ပြုန်ပြင်ထားတဲ့ပုံတွေ သူ့ဆီ ပြန်ရောက်လာပါရော။

အများစုက မျက်လုံးကို အပြာ နဲ့ အစိမ်း ခြယ်လိုက်ကြတယ်။ အသားအရေ ဖြူဝင်းသွားအောင်လုပ်ကြတယ်။ တချို့ကလည်း ဆံပင်ကို အရောင်ပြောင်းပစ်တယ်။

မော်ရိုကိုနိုင်ငံက ဒီဇိုင်းဆရာကတော့ သူ့ကို အင်္ကျီဝတ်ပေးလိုက်တယ်၊ ခေါင်းမြီးလည်း ခြုံပေးလိုက်တယ်။
ဖိလစ်ပိုင်ကတော့ ၂ ပုံ ပြန်ပို့တယ်။ တပုံကိုတော့ အင်္ကျီ ဝတ်ပေးပါတယ်။ စဉ်းစားမိတာက ... ဒီအမျိုးသမီးက မြန်မာပြည်က ဒီဇိုင်းသမားတယောက်ယောက်ဆီကို ဆက်သွယ်ပြီးပြီလား ဆိုတာပါပဲ။
ဆက်သွယ်ပြီးပြီ ဆိုရင်တော့ မြန်မာဒီဇိုင်းသမားက သူ့ကို ဘယ်လို ပြင်လိုက်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပို့ဖြစ်တယ် ... အွန်လိုင်းထဲ ရောက်လာတယ် ဆိုရင် အဲဒီပုံကို ဧရာဝတီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြပေးပါ့မယ်။

ရောက်မလာပေမယ့် စိတ်ဝင်စားလို့ ကွန်ပြူတာမှာ ပြင်ဆင်ခြယ်သပြီး ဧရာဝတီဖေ့စ်ဘုတ် စာမျက်နှာတွေဖြစ်တဲ့  www.facebook.com/IrrawaddyBurmeseနဲ့
 www.facebook.com/irrawaddyblogတို့မှာ ချထားမယ်ဆိုရင် သင့်တော်သလို ဖော်ပြပေးမှာပါ။

မြန်မာလက်ရာဆိုရင် သနပ်ခါးနဲ့ ထွက်လာမလား၊ ရင်ဖုံးအင်္ကျီ ဝတ်ပေးလိုက်မလား၊ ဆံထုံးကြီးကြီး ထုံးမလား၊ ကျစ်ဆံမြီး ဖန်တီးမလား ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

အခုဆိုရင်   နိုင်ငံ ၃၀ ဝန်းကျင်က ဒီဇိုင်းသမားတွေရဲ့လက်ရာများ Esther Honigဆီ ရောက်နေပါပြီ။ဲ
သူကတော့ သူ့စီမံကိန်းကို ဆက်ပြီး လုပ်ပါဦးမယ် တဲ့။
ဒီစီမံကိန်းလေးကနေ ပြောစရာတွေ အများကြီး ရှိနေတယ်လို့ သူက ဆိုတယ်။
ဒါ ကျမပုံပဲ၊ ဒါပေမယ့် ကျမပုံမဟုတ်ဘူး၊ ဒါ အားလုံးရဲ့ပုံပါပဲ လို့ သူက ဆိုပါတယ်။

ရောက်လာတာတွေဟာ သက်ဆိုင်ရာ ဒီဇိုင်းသမားတွေရဲ့နေရပ်က ဣတ္ထိယအလှအပတွေ ဆိုပါစို့။

ဒါမှမဟုတ် သူတို့ဆီက ကွန်ပြူတာဒီဇိုင်းဖန်တီးမှုလက်ရာ ဘယ်လိုရှိသလဲ ဆိုတာကို အကဲဖြတ်ချက်လည်း ဖြစ်နိုင်ပါတယ်လို့ သုံးသပ်သူလည်း ရှိမှာပါ။

ကွန်ပြူတာဒီဇိုင်း မိုးပျံနေအောင် ကျွမ်းကျင်အဆင့် ဖြစ်ပါစေ... မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းလိုက်ရင် လူရွှင်တော်မျက်နှာပေး ဖြစ်သွားနိုင်မယ်လို့လည်း ယူဆရပါတယ်။ 

မည်သို့ပင် သုံးသပ် အကဲဖြတ်စေကာမူ စိတ်ဝင်စားစရာကောင်းတာကတော့ သေချာနေပါတယ်။
အမေရိကန်က အွန်လိုင်းမီဒီယာ၊ ပုံနှိပ်မီဒီယာအများအပြားမှာတော့ ဒီကလေးမရဲ့စီမံကိန်းအကြောင်း ဖော်ပြနေကြပါပြီ။

နိုင်ငံစုံဒီဇိုင်းသမားတွေရဲ့ အလှအပပုံဖော်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အာဂျင်တီးနား
ၾသစေတးလ်
ဘင်္ဂလားဒေ့ရှ်
ဂျာမဏီ
ဂရိ
အိန္ဒိယ
အင်ဒိုနီးရှား
အစ္စရေး
အီတလီ
ကင်ညာ
မော်ရိုကို
ပါကစ္စတန်
ဖိလစ်ပိုင်
ရိုမေးနီးယား
ဆာဘီးယား
သီရိလင်္ကာ
အမေရိကန် (အမေရိကန်စာဖတ်သူအများအပြားကတော့ ဒီပုံ ပြင်ဆင်သူကို ဝိုင်းပြီး မေတ္တာပို့နေပါတယ်)
အင်္ဂလန်
ယူကရိန်း
ဗင်နီဇွဲလား

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles