Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၆ လ ကြာ ခွဲခဲ့ရတဲ့ သခင်ပြန်အလာ အလွမ်းသည်တဲ့ ခွေးကလေး

$
0
0
လောကမှာ ချစ်ခင်နှစ်သက်မြတ်နိုးကြသူတွေဟာ ကွဲကွာသွားကြပြီး ပြန်လည် ဆုံဆည်းတဲ့အခါ ကွဲကွာ ချိန်က အလွမ်းတွေကို သည်ဆောင်လာပြီး တနင့်တပိုး အားပါတရ အလွမ်းဖြေကြလေ့ ရှိပါတယ်။ 


ဒီလို ကိစ္စမျိုးဟာ လူသား တင်မက တိရိစ္ဆာန်တွေမှာလည်း ရှိပါတယ်။ အထူးသဖြင့် ခွေးတွေဟာ သူတို့ရဲ့ သခင်နဲ့ ကွဲကွာသွားပြီး ပြန်ဆုံဆည်းတဲ့အခါ အလွမ်းသည်တတ်လေ့ ရှိပါတယ်။ 

အခု ယူကျုပေါ်က ဗွီဒီယိုမှတ်တမ်းတခုမှာ ခွေးကလေး တကောင်က သူ့ သခင်နဲ့ ၆ လလောက် ခွဲခွာနေ ခဲ့ရပြီး တနေ့ သခင်ဖြစ်သူ အိမ်ပြန်လာစဉ် အလွမ်းသည်ပုံက တကယ့်ကို ချစ်စရာလေးပါ။ 

သူ့မှာ ပြောစရာ စကားတွေလည်း တပုံကြီး ရှိတယ် ထင်ပါရဲ့၊ သူ့အသံက ကွဲကွာခဲ့တဲ့ ၆ လ ကာလအတွင်း သူ ဘယ်လောက် လွမ်းကြောင်း သူ့ သခင်ကို ပြောနေတယ် ထင်ပါရဲ့။


  


အိမ့်သံစဉ် ~ 



 









Viewing all articles
Browse latest Browse all 5236

Trending Articles