Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

“သမ္မတ ဦးသိန်းစိန် ဖင်လန်နိုင်ငံ ခရီးစဉ် ဆန္ဒပြမှုနှင့် ကြုံ

$
0
0
 နော်ဝေမှ ဖင်လန်နိုင်ငံသို့  မတ်လ ၁ ရက်နေ့ကရောက်ရှိခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ အား စနေနေ့က ဖင်လန်ရောက် မြန်မာနိုင်ငံသား၄၀ လောက်က ဖင်လန် နိုင်ငံလွှတ်တော်ခမ်းမရှေ့ မှ ဟယ်လ် ဆင်ကီး မြို့လယ် ရင်ပြင်အထိ ချီတက်ဆန္ဒပြခဲ့ ကြောင်းသိရသည်။

ဓာတ်ပုံ- ကိုညို( အော်စလို)

“နေ့လည် ၁၁နာရီမှာ ရေခဲအောက် အနှုတ်၁၃လောက်အထိ အေးခဲနေတဲ့ ကြားက ကျနော်တို့ဖင်လန် နိုင်ငံ မြို့ကြီး ၅ မြို့ က လာရောက်ပူးပေါင်းသူ ၄၀ လောက်နဲ့ ကြွေးကြော်သံတွေအော်ပြီးဆန္ဒပြခဲ့တာပါ” ဟု ဆန္ဒပြပွဲ ကမကထဖြစ်အောင် ဆောင်ရွက်သူတဦးဖြစ်သည့် ကို ငြိမ်းချမ်းအောင် က ဧရာဝတီ ကို 
ပြောဆိုသည်။

 ဆန္ဒပြသူများက ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းရေး၊ ပြည်တွင်းစစ်များ အဆုံးသပ်ရေး၊ လယ်သမား အခွင့်အရေး အမြန်ဆုံးဆောင်ရွက်ပေးရေး၊ လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနှင့် အမှုမှန် အမြန်ဆုံး  ဖော်ထုတ်ရေး။ စသည် အချက် ၄ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ သည်ဟုသိရသည်။ ထို့အပြင် ဖင်လန် အစိုးရကိုလည်းအိပ်ဖွင့်ပေးစာတစောင်ပေး၍ ဖင်လန် သတင်းမီဒီယာများသို့လည်း   ပေးပို့ခဲ့ ကြောင်း၊ အဆိုပါ အိပ်ဖွင့်ပေးစာတွင် ဖင်လန် အစိုးရအနေနှင့် ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီသည့် ၂၀၀၈ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှုအပေါ် ဖိအားပေးရန်၊ ဖင်လန်နိုင်ငံမှပေးသည့် လူသားချင်းစာနာသောထောက်ပံ့မှု အကူအညီကို ဒုက္ခရောက်သူများထံထိရောက်စွာပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးရန်၊ ဖင်လန် လူမျိုး 
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Martti Ahtisaati (အင်ဒိုနီးရှားနိုင်ငံ အာချေးငြိမ်းချမ်းရေးတွင် ဦးဆောင်ခဲ့ သူ)အား မြန်မာနိုင်ငံငြိမ်းချမ်းရေး၌ ဦးဆောင် ပါဝင်ရန်ဖင်လန်အစိုးရအနေနှင့် မြန်မာအစိုးရကို ကမ်းလှမ်းရန် စသည့် အချက်(၃)ချက်ကိုလည်းတင်ပြထားကြောင်းသိရသည်။ 

သမတနှင့်အဖွဲ့အား ဖင်လန်နိုင်ငံသား ခံယူပြီး ဂျာမဏီရှိမြန်မာသံရုံးတွင်လည်း အခွန်ငွေပုံမှန်ဆောင်နေ သည့် မြန်မာနှင့် ဖင်လန် နှစ်နိုင်ငံ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၀ ဦးခန့်က တွေ့ ဆုံခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။

 “ အစိုးရအဖွဲ့ က အဲဒီလူတွေကိုအားလုံးကို ခေါ်တွေ့ပြီး တိုင်းရင်းသားတွေနဲ့ တွေ့တယ်ဆိုပြီး မီဒီယာတွေ မှာ သတင်းထုတ်ပြန်တယ်။ ကျနော်တို့ဆန္ဒပြသမားတွေကိုတော့ အချိန်မရလို့ ဆိုပြီးအတွေ့မခံဖူး၊ တကယ်တော့ အဲဒီ မြန်မာပတ်စ်ပို့ ကိုင်ထားသူတွေက နိုင်ငံရေးလည်းစိတ်မ၀င်စားဖူး၊ဒီက မြန်မာတွေ စုပေါင်းလုပ်တဲ့ သင်္ကြန်လည်းမလာဖူး၊ဘုန်းကြီးကျောင်းတောင် မတက်ဖူး” ဟု ကိုငြိမ်းချမ်းအောင် က ဆိုသည်။

 ဖင်လန် နိုင်ငံ သည် လာမည့် ၂၀၁၄ ခုတွင်လူသားချင်းစာနာသည့် အကူအညီအဖြင့် မြန်မာအစိုးရအား ယူရိုငွေ သန်း (၆)သန်းခွဲခန့် လှုဒါန်းရန်ရှိကြောင်းသိရသည်။ “ ကျနော်တို့က အခွန်ထမ်းပြည်သူတွေ အနေနဲ့ ဒီငွေတွေကို လက်လွတ်စပယ် လှုလို့ မရဖူးလို့လည်း ဖင်လန်အစိုးရကို ကန့်ကွက်ထားတယ်။ ဒါကြောင့် ဖင်လန်က အင်အားကြီး အတိုက်အခံပါတီ ၂ခုဖြစ်တဲ့ Truth Finn ပါတီနဲ့ Vesemmisto ပါတီတွေက ကျနော်တို့ဆီ ချည်းကပ်ပြီး ဖင်လန်အစိုးရနဲ့ မြန်မာအစိုးရ ကြားဆက်ဆံရေး ကို သေချာ 
လေ့လာစောင့်ကြည့်သွားဖို့ ပြင်ဆင်နေပါတယ်” ဟုကိုငြိမ်းချမ်းအောင်ကပြောသည်။ 

 ယခ္ခုအခါ ဖင်လန်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုနှင့် မြေအောက်ရေထု ညစ်ညမ်းမှုနှင့် ပတ်သက်ပြီးအငြင်းပွားမှုများဖြစ်ခဲ့ပြီးနောက် နိုင်ငံအတွင်း Nautta Varra သတ္တုတူးဖော်ရေးကုမ္မဏီ၏ တူးဖော်မှု လုပ်ငန်းအချို့ ကို ရပ်နားတော့မည်ဖြစ်ကြောင်း၊ အသုံးမပြုနိုင်တော့သည့် စက်ယန္တယား များကို မြန်မာနိုင်ငံသို့ ဈေးပေါပေါနှင့် ရောင်းပေးရန် အစီအစဉ်ရှိကြောင်း ဖင်လန် အတိုက်အခံပါတီ သတင်းရပ်ကွက်မှတဆင့် စုံစမ်းသိရှိရသည်။ 

“အခုဆို ဖင်လန်မှာ အလုပ်သမားစရိတ်ကြီးမားတာရယ်၊ ကုန်ချောအ၀ယ်မလိုက်တာရယ်ကြောင့် စက္ကူစက်တွေတော်တော်များများ ပိတ်ပြစ်ရတော့မယ်၊ ဒီစက္ကူစက်တွေကို သံရည်ကြိုစက် ပို့မဲ့ အစား ဗမာပြည်ကို ဈေးပေါပေါနဲ့ ရောင်းဖို့လည်း စီစဉ်နေတာကြားရတယ်။ ဒီနိုင်ငံတွေမှာ လွင့်ပစ်ချင်တိုင်း လွှင့်ပစ်လို့ မရနိုင်သလို၊ ဖျက်ဆီးဖို့ စရိတ်စက ကြီးမားတာကို ပြန်ဖာထေးဖို့ ကျနော်တို့ နိုင်ငံတွေဆီ 
ပြန်ရောင်းပြီးအမြတ်ထုတ်တာပေါ့” ဟု ကိုငြိမ်းချမ်းအောင်က သုံးသပ်ပြောဆိုသည်။ 







ကိုညို(အော်စလို)


Viewing all articles
Browse latest Browse all 5236

Trending Articles