Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မသန်စွမ်းသူများညီလာခံ

$
0
0
 ~





 
 
မြန်မာနိုင်ငံအတွက် ပထမဆုံးလို့ ပြောနိုင်တဲ့ မသန်စွမ်းသူများညီလာခံကို ရန်ကုန်မှာ ၃ ရက်ကြာ ကျင်းပနေတာ ဒီကနေ့ အဆုံးသတ်ပါမယ်။

ညီလာခံဖွင့်ပွဲကို ပေးပို့တဲ့   သမ္မတ ဦးသိန်းစိန်ရဲ့  သဝဏ်လွှာမှာ ... မသန်သော်လည်း စွမ်းနိုင်တဲ့ မသန်စွမ်းသူတွေကို ပိုမို မြင်တွေ့ရလာရတယ်၊ သူတို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တလေးတစားနဲ့ နေရာပေးခံလာကြရတာကိုလည်း ၀မ်းမြောက်ဖွယ်ရာ တွေ့မြင်နေရတယ်လို့ ရေးထားကြောင်း အစိုးရသတင်းစာတွေမှာ တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သ၀ဏ်လွှာ ပေးပို့ကြောင်း ဒီနေ့ထုတ် 7Day သတင်းစာမှာ ရေးပါတယ်။

   နိုင်ငံရေး လူမှုရေး စီးပွားရေး စတဲ့ အခန်းကဏ္ဍအားလုံးမှာ မသန်စွမ်းသူတွေလည်း ပါဝင်လုပ်ဆောင်နိုင်ကြပါတယ်။
ဒီညီလာခံကို မတက်ရောက်နိုင်ပေမယ့် ညီလာခံရဲ့ အဆုံးအဖြတ်တွေကို နားစွင့်နေပါမယ်
လို့ ဒေါ်အောင်ဆန်းစုကြည်က  သ၀ဏ်လွှာမှာ ရေးထားပါတယ် တဲ့။

Ooredoo  ဆက်သွယ်ရေး ကုမ္ပဏီက  အခမ်းအနား ဖွင့်ပွဲနေ့  တက်ရောက်တဲ့ ညီလာခံ ကိုယ်စားလှယ် တဦးချင်းစီကို စာရေး ကရိယာများ ၊ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ လုပ်ငန်းတွေ လည်ပတ်တဲ့ နေရာတိုင်းမှာ လူမှု ဘ၀တွေကို တိုးတက် ပြောင်းလည်းအောင် လုပ်နိုင်ဖို့ဟာ ကျွန်မတို့ ရဲ့ အဓိကထားတဲ့ မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။ Ooredoo မြန်မာ အနေနဲ့
ဒီလို အင်မတန်မှ အရေးပါလှတဲ့ အခမ်းအနားဖြစ်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံ ဖွင့်ပွဲ ကို တက်ရောက် ကူညီခွင့်ရတဲ့ အတွက် အခမ်းအနားကျင်းပရေး ကော်မတီကို
အထူး ကျေးဇူးတင်ရှိပါတယ်။ ကုမ္ပဏီအနေ နဲ့ လည်း အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်” လို့ Ooredoo မြန်မာရဲ့ လူမှုဆက်ဆံရေး နဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ဦးရေ တသိန်းကျော်ရှိတယ်လို့  လူမှုဝန်ထမ်းဦးစီးဌာနက  ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းထားပါတယ်။


ဆက်စပ်ဖတ်ရှုရန်

http://burma.irrawaddy.org/%E1%81%80_icrc/2013/01/09/30268.html


http://burma.irrawaddy.org/news/2013/10/17/49620.html


http://burma.irrawaddy.org/entertainment/2013/12/06/51906.html

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ