Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၄၃၆ ပြင်ရေးဟာ တပ်မတော်အတွက်အခွင့်အလမ်း ~ ဦးဂျင်မီ

$
0
0
 ~


 



အခြေခံဥပဒေပြင်ဖို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့    ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ တပ်မတော်အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောဆိုလိုက်ပါတယ်။

ပုသိမ်မြို့မှာ  ဒီကနေ့မနက်ပိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ သူက   ပြောကြားလိုက်တာပါ။

“တပ်မတော်ကိုယ်တိုင်ကလည်း ပုဒ်မ ၄၃၆ ကိုပြင်မှ တိုင်းပြည် ပြုပြင်ပြောင်းလဲနိုင်မှာ တိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ဆန္ဒလည်းြ
ဖစ်တဲ့အတွက် ဒီ ၄၃၆ ပြင်ဆင်ရေးဟာ တပ်မတော် အနေနဲ့ ပြည်သူလူထုကို ကူညီနိုင်မယ့်အခွင့်အလမ်း ဖြစ်ပါတယ်”

ဟောပြောပွဲကို တခြားမြို့တွေလိုပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်တာပါ။

NLD နာယက ဦးတင်ဦး၊   ဦးဌေးဦး (စိန်ဂျွန်း) နဲ့ ဧရာဝတီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်တို့လည်း လာရောက်ဟောပြောခဲ့ပါတယ်။

တပ်မတော်အနေနဲ့ လွှတ်တော်ထဲ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိမယ် ဆိုတဲ့ အချက်ကို စွန့်လွှတ်ခဲ့မယ်ဆိုရင် ပြည်သူတွေက တပ်မတော်ကို အလိုလို ချစ်လာပါလိမ့်မယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ် ဗိုလ်ချုပ်ကြီးဟောင်း  ဦးတင်ဦးက အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

“လုပ်မယ်ဆို သတ္တိရှိရှိ အမှန်တရားကို တခါတည်းလုပ်။ အခုက ၂၅ ရာခိုင်နှုန်း၊ နောက်ကျတော့ ၁၀ ရာခိုင်နှုန်း လုပ်မယ်ဆိုတာတွေ မလုပ်ပါနဲ့။ မမှန်ကန်တဲ့ကိစ္စဖြစ်တဲ့အတွက် ၂၀၁၅ မှာ ကျုပ်တို့တွေ ၀မ်းမြောက်ဝမ်းသာ မပါတော့ပါဘူးလို့ ပြည်သူလူထုကို ဒီကနေ့ ပြောချလိုက်ပါ၊ ပြည်သူချစ်တဲ့ နှင်းဆီခိုင်ကြီး ဖြစ်မှာပါလို့ ဒီကနေ့ ပြောချင်တယ်

ပြည်သူလူထုကို အမှန်တကယ် ချစ်ပြဖို့ လိုမယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း  ဦးတင်ဦးက  တိုက်တွန်းပါတယ်။
“ပြည်သူတွေချစ်အောင်လုပ်မလား၊ ပြည်သူတွေ စိတ်ညစ်ငြူးအောင်လုပ်မလား တပ်မတော်သားတွေ အနေနဲ့ စဉ်းစားဖို့လိုတယ်”

 ဧရာဝတီတိုင်းမှာ တတိယမြောက်ကျင်းပခြင်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို ပုသိမ်ခရိုင်အတွင်းက NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး စိတ်ပါဝင်စားသူတွေ စုစုပေါင်း လူ ၂,ဝဝဝ ဝန်းကျင် တက်ရောက် နားထောင်ခဲ့ပါတယ်။

နံနက် ၉ နာရီက စတင်ကျင်းပခဲ့တဲ့  ဟောပြောပွဲဟာ နံနက် ၁၁ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။
 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၊ ဟောပြောပွဲတွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်းက မအူပင်နဲ့ ဟင်္သာတမြို့တွေမှာ အရင်လက ကျင်းပခဲ့ကြပါတယ်။

  မအူပင်မြို့ မေလ ၁၀ ရက်နေ့  ဟောပြောပွဲကိုတော့ NLD ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း သူက စစ်တပ်ကို စည်းရုံးခဲ့ပါတယ်။ 

အခြေခံဥပဒေ ပြင်ဆင်ရေးဟာ စစ်သားတွေရဲ့ တာဝန်လည်း ဖြစ်တဲ့အတွက်  ပူးပေါင်းပါဝင်ကြပါလို့ သူက  တိုက်တွန်းခဲ့တာပါ။ 

ဗိုလ်ချုပ်ကြီးတွေ စိတ်ကြိုက် အချိန်ယူ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လူထုအားကို ယူဖို့ NLD ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်အဖွဲ့ မကြာသေးခင် လတွေအတွင်း ဆွေးနွေးခဲ့ကြတာပါ။

အခြေခံဥပဒေကို ပြင်ဆင်ဖို့ အများက တောင်းဆိုမှုနေပေမယ့် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကတော့  မပြင်ဆင်ချင်တဲ့ သဘောထားရှိကြောင်း  ဒီနှစ်ဆန်းပိုင်းမှာ ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။

တကယ်တော့လည်း
ဒါကြီးဟာ လွယ်လွယ်နဲ့ ပြင်ဆင်လို့ မရအောင် ဗိုလ်ချုပ်ကြီးတို့က စနစ်တကျ ပြဋ္ဌာန်းထားတဲ့ဟာကြီး  ဆိုတာ အများကလည်း သိရှိပြီးသားပါ။

ဧရာဝတီသတင်းဟောင်းတပုဒ်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်   ဒုတိယဗိုလ်မှူးကြီးဟောင်း  ဦးလှဆွေက အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လူထုက  ၁၉၈၈ ခုနှစ်ကာလတုန်းကလို လမ်းပေါ် ထွက်လာ မှာ မဟုတ်တော့လို့ လွှတ်တော်ပြင်ပကနေဖွဲ့စည်းပုံ ပြင်ဆင်ရေး အားထုတ်နေမှုတွေဟာ မအောင်မြင်နိုင်ဘူးလို့ ပြောဆိုကြောင်းရေးသားထားပါတယ်။

ဒီကနေ့
ပုသိမ်မြို့မှာ  ပြုလုပ်တဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဆက်စပ်
http://blog.irrawaddy.org/2012/06/blog-post_4724.html
http://blog.irrawaddy.org/2012/03/blog-post_11.html

ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောနေတဲ့ NLD နာယက ဦးတင်ဦး
တက်ရောက်နားထောင်နေတဲ့  ဒေသခံများ
 

.

Viewing all articles
Browse latest Browse all 5236

Trending Articles