Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆရာ ခင်မောင်ရင် သို့

$
0
0
သူဟာ ဘဝ ကို ရိုးရိုးရှင်းရှင်းနဲ့ နေထိုင် ဖြတ်သန်းပြီး ရိုးရိုးလေးပဲ ဘဝ တပါး ကူးပြောင်းသွားတယ်။ သူဟာ ကမ္ဘာကို မြန်မာဆိုတာ ဘာလဲဆိုတာကို လှစ်ပြခဲ့သူတဦး။ 


တချိန်က သူ့ အင်္ဂလိပ်စာ သင်ပြမှုတွေနဲ့ ကမ္ဘာဆန့်နေသူတွေ ဒုနဲ့ ဒေး၊ သူကတော့ ပန်းချီတွေကိုပဲ ငေး 
ငေး နေပြီး စုတ်တဲ့ နဲ့ ဆေးရောင်စုံတွေ ကြားမှာ အသက်ရှုမှားလောက်အောင် ပျော်မွေ့နေသူ။ 

နှလုံးသား အထီးကျန်တယ်လို့ တချို့တွေက ပြောနေချိန်မှာ သူ့ နှလုံးသားဟာ အယုတ်၊ အလတ်၊ အမြတ် မရွေး၊ ရင်းသူရော စိမ်းသူရော၊ မရင်းတရင်းသူတွေအတွက်ပါ ပျူငှာတဲ့ ဧည့်ခန်း ဖြစ်တယ်။ 

ဗိသုကာပညာရှင်လည်းဖြစ်လို့ လောကပုံစံကို ထုဆစ်ပုံဖော်တဲ့ နေရာမှာ မြန်မာ့အတွေးတွေကို ထည့်သွင်း
ဖော်ပြလေ့ရှိသလို ပန်းချီကို ခုံမင်စွာ ရေးဆွဲသူဖြစ်လို့ မော်ဒန် ခေတ်ကိုလည်း တခေတ်ဆန်းတဲ့ မိတ်ဆက် ခဲ့မှုတွေ ရှင်သန်ချိန်ကာလတလျှောက် ဖန်တီးခဲ့တယ်။ 

အခုတော့ သူ သို့မဟုတ် ဆရာ ဦးခင်မောင်ရင် ဟာ ကွယ်လွန်ခဲ့ပြီ။ ဒါပေမယ့် သူ ရှင်သန်နေဆဲ ဖြစ်နေမှာ
သေချာပါတယ်။ 



လင်းသန့် ~


 ဆက်စပ်သတင်း 

ဗိသုကာ ပညာရှင်၊ ပန်းချီ ခင်မောင်ရင် (၇၆ နှစ်) ကွယ်လွန်

 

ပန်းချီခင်မောင်ရင်၏ ဘဝနှင့်ဒဿန

 










 

Viewing all articles
Browse latest Browse all 5236

Trending Articles