Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကချင်ဒေသစစ်ပွဲ ၃ နှစ်ပြည့်ပြီ

$
0
0
 ~





 ကချင်ဒေသမှာ စစ်ပွဲတွေ တကျော့ပြန်ဖြစ်နေတာ ၃ နှစ်ပြည့်သွားပါပြီ။ စစ်ပွဲ ၃ နှစ် ပြည့်နေ့ကာလဖြစ်တဲ့အတွက်  မနေ့က မနက်ပိုင်း ရန်ကုန်၊ စမ်းချောင်းမြို့နယ် ကချင်တိုင်းရင်းသားတို့ရဲ့ ဘုရားကျောင်းမှာ ဘာသာပေါင်းစုံရဲ့ ဆုတောင်းပွဲ ပြုလုပ်ပါတယ်။

 
  • (ဓာတ်ပုံများ - ဟိန်းထက်/ဧရာဝတီ)

  ကချင်ဒေသခံစစ်ဘေးသင့် ပြည်သူများရဲ့ အတွေ့ အကြုံ ရှင်းလင်းခြင်း၊ လက်မှတ်ထိုးတောင်းဆိုခြင်း စတဲ့ အစီအစဉ်တွေ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ အင်းလျားကန်မှာလည်း ကချင်ဒေသ စစ်ပွဲ
များ ရပ်တန့်ရေး ရည်ရွယ်တဲ့  လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်။
အဲဒီမှာ ကဗျာဆရာများ ကဗျာချစ်သူများက ကဗျာ ရွတ်ဖတ်ကြပါတယ်။ 
 ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ  မြန်မာနိုင်ငံသားများ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို သိစေချင်တယ်လို့ ပွဲစီစဉ်သူတွေက သတင်းထောက်တွေကို ပြောပါတယ်။

တချိန်တည်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဒုက္ခသည်အများအပြား ပါဝင်တဲ့ ကချင်ပြည်နယ်ဒေသခံ ထောင်ပေါင်းများစွာက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း၊ အစာရှောင် ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။



  

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles